သုကူးလီ က အထိန်းတော် လု နှင့် စကားများပြီး အချိန်ဖြုန်းဖို့ ပျင်းလွန်းလှသည်။ ဤမိန်းမစိုး က လီချင်းယွီ အတွက် မိုက်မဲပြီး ရက်စက်သော လုပ်ရပ်များကို ကိုယ်စားလုပ်ခဲ့ပြီး ဗီလိန်အား မြှောက်ပင့်ပေးနေသောကြောင့် သူနှင့် ရန်ဖြစ်ရန် မထိုက်တန်ပေ။
အထိန်းတော် လု ၏ မျက်လုံးများက ဒေါသအရမ်းထွက်လွန်းလို့ နီရဲနေပြီး ပြောစရာစကားကိုမရှိတော့ပေ။ သုကူးလီက ဘုရင်မင်းမြတ်အား အေးစက်စွာပြောဆိုဝံ့သော ပထမဆုံးပုဂ္ဂိုလ်ဖြစ်ပေမယ့် ဘုရင်မင်းမြတ်က သုကူးလီ ကို အလွန်ချစ်ပြီး အလိုလိုက်သောကြောင့် ဤအခြေအနေအထိရောက်တာတောင် သတ်ပစ်ရန် တွန့်ဆုတ်နေဆဲဖြစ်သည်။
"နာလိုက်တာ..." လီချင်းယွီက အိပ်ယာထက်တွင် အိပ်ပျော်နေစဉ် ခြေဖဝါးတွင် နာကျင်ကိုက်ခဲခြင်းဝေဒနာကို ခံစားလိုက်ရတဲ့အတွက်ကြောင့် ငြင်းငြူမိလိုက်သည်။
လီချင်းယွီ ညည်းသံကြောင့် အထိန်းတော် လု နှင့် သုကူးလီ ၏ အာရုံသည် သူဆီသို့ ချက်ချင်း ရောက်သွားခဲ့သည်။ "အရှင်မင်းကြီး၊ ဘယ်နားက နာနေတာလဲ" ဆိုပြီး အထိန်းတော်လုက ချော့မော့ရင်း ပြုံးကာ တိုးတိုးလေး မေးလိုက်သည်။
"ခြေထောက်" လီချင်းယွီ က မျက်မှောင်ကြုတ်ရင်း စောင်ကို ဂနာမငြိမ်ဘဲ ကန်ပစ်လိုက်သည် ။
"မင်းသား လီ!" အထိန်းတော်လု သည် သုကူးလီ ကို ချက်ခြင်းပင် စိုက်ကြည့်လိုက်ပြီ' "မင်းကြီးရဲ့ မင်းအပေါ်မှာထားတဲ့ ဂရုဏာကိုတုံ့ပြန်တဲ့အနေဖြင့် ကျေးဇူးတရားကို ပြဖို့အတွက် ပြုစုပေးဖို့အချိန်ရောက်ပြီ!"
သုကူးလီ က သူ့နှုတ်ခမ်းကို မဲ့လိုက်ပြီး သူ့မျက်လုံးထဲမှာ ရွံပြီးမုန်းတီးတဲ့ပုံ ပေါ်လာတယ်။ "အဲဒါက နှင်းကိုက်တာမလား၊ပါတ်တီးစီးပြီး ကုသလို့ရပါတယ်။" သူ့အင်္ကျီလက်ထဲမှာ ထည့်ထားတဲ့ကျောက်စိမ်းပုလင်းလေးကို ထုတ်လိုက်ပြီး အထိန်းတော် လု ကို ပေးလိုက်ပါသည်။
အထိန်းတော် လု က "ဘုရင်မင်းမြတ်ရဲ့ အချစ်တော် ကောင်လေးတစ်ယောက်အနေနဲ့ မင်းကိုယ်တိုင်ကိုယ်ကျ အမှုထမ်းဖို့ သူ့အနားကို သွားသင့်တယ်!" သုကူးလီ သည် ကျောက်စိမ်းပုလင်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ရင်း သူ့မျက်နှာကလည်း တည်ပြီး အေးစက်လာသည်။
YOU ARE READING
ဗီလိန် ဘုရင် ၏ ရှင်သန်ခြင်း နည်းဗျူဟာ ပရိယာယ် များ
FantasyMyanmar Translation of 反派帝王生存攻略 I don't own any of this novel. This is just a fan translation and all credits go to the original author. This translation might be a little different from original because there is no English translation. I will trans...
အပိုင်း - ၃-ပ
Start from the beginning
