Ep_8🐺🐰 (Wedding 🍑)

Start from the beginning
                                    

jen ကအရမ်းရိုးသားပြီး ကျင့်ဝတ်အလေ့အထတွေ နားမလည်တာကြောင့် သူ့အတွေးက အမြဲရိုးစင်းနေပြီး ရှက်ရွှံ့နေတာမျိုး မရှိပေ။

သူတို့အတူနေချိန်ဆို ေအာ်သံသေးသေးလေးတွေ ထွက်လာတဲ့အချိန်မျိုးဆို ပန်းရောင်နှုတ်သီးလေးမှာ နီရဲသွားပြီး ရှက်ကာ ငိုလေသည်

ပြောရရင် အဲ့ အဲ့ အဲ့ ကိစ္စကိုတောင် မရိုးသားမှန်းသိတာ liliအမေ ပြောပြလို့သာပင်။

မဟုတ်ရင် သူသိမှာမဟုတ်..အခုလည်း...အကောင်ပေါက်လေးတွေ အသာတကြည်ရတယ်ထင်ပြီး... အဲ့ အဲ့ အဲ့ လုပ်ရမယ်ဆိုတော့ ရှက်နေလေသည်

Li..."နှလုံးသားက ဘာလို့ တစ်ခုတည်းပါတာလဲကွာ..ဒီ အဖြူလုံးလေးကို ချစ်ဖို့နေရာမလောက်တော့ဘူး🐰"

Li.." မိတ်ဖက်ပွဲ ကျရင် သားရဲတွေ အများကြီး လာလိမ့်မယ်...jen အဆင်ပြေရဲ့လား"

မျိုးနွယ်စုခေါင်းဆောင်၏ သမီးတစ်ယောက်အနေနဲ့ သူတို့ မိတ်ဖက်ပွဲက သာမညတော့မဖြစ်လိုပေ။

ကြီးငယ်ရွှယ်မရွှေး သားရဲတွေလာကြမှာ ဖြစ်ပြီးအရမ်းကြောက်တက်တဲ့ သူရဲ့ ယုန်ဖြူလေး စိတ်ကွက်မှာ မလိုချင်ပေ။

Jen.." jen..အဆင်ပြေပါတယ် ..မမလီ ရှိနေတာပဲကို😁"

Li..." ဒီ အဖြူလုံးလေးကတော့လေ.... အသဲယားလိုက်တာ😶"

မျိုးနွယ်မတူတဲ့ သားရဲတွေ မိတ်ဖက်လေ့ရှိပေမယ့်လည်း ဝံပုလွေနဲ့ ယုန် မိတ်ဖက်တာတော့ မရှိသေးပေ

Li...💭💭 ဗိုက်ဆာတဲ့ချိန်ယောင်ပြီး ထစားမိရင် ဘယ်လိုလုပ်မလဲ ဟင်💭

နှစ်လရှည်ကြာ စုဆောင်းထားတဲ့ အစားအသောက်တွေနဲ့ တည်ခင်းပေးထားတဲ့ မိတ်ဖက်အခမ်းအနား က စည်ပြောလေသည်

jenက များပြားလွန်းလှတဲ့ သားရဲတွေကို ကြည့်ပြီး တစ်ချက် တစ်ချက် တုန်တုန်သွား၏

ဘေးဘီကို ကြည့်လိုက်သော်လည်း liliကို မတွေ့ပေ😢

ထို့ကြောင့် ယုန်ဖြူလေးမှာ ကြောက်ရွံ့လာပြီး ကျောက်တုန်းလေးပေါ် တဆက်ဆက်တုန်ကာ မျက်ဝန်းတွေမှာ မျက်ရည်တွေလဲ့နေလေသည်

The fox girl is my lover🥕🦊(Completed)Where stories live. Discover now