" Van နဲ့ Jimin ကို လွတ်ပေးလိုက်ပါ..."

" ကိုယ်မလုပ်နိုင်ဘူး..."

Taehyung မျက်ရည်တွေဝဲလာခဲ့သည်။

" ငါ့ကို သတ်လိုက်ပါ Jeon...အခု မင်းအကြောင်းစုံကို ငါသိသွားပြီလေ..."

မျက်ရည်တွေစီးဆင်းသွားသည့် ပါးပြင်လေးကို ထိတွေ့မိသည်။
အချစ်ရဲ့ မျက်ရည်တွေကို ကိုယ်သိပ်မုန်းရတယ်။
မျက်ဝန်းဝါလေးထံ မျက်ရည်စတွေတွဲခိုတိုင်း ရင်ဘတ်ကြီးတစ်ခုလုံး မီးလောင်တိုက်သွင်းလိုက်သလိုကို ခံစားရတယ်။

" ကိုယ် Tae ကို မသတ်နိုင်တော့ဘူး ထင်တယ်..."

" ဘာအကြောင်းကြောင့်လဲ..."

" ချစ်မိနေလို့..."

" တော်ပါသေးရဲ့..."

" ဘာအတွက်လဲ..."

" အနည်းဆုံးတော့ Jeon ရဲ့အချစ်ကတော့ စစ်မှန်နေသေးတယ်လေ..."

ကျနော် မျက်ရည်တွေကြား ကနေပြုံးမိပါသည်။
Jeon ကဟန်ဆောင်နေခဲ့တာ မဟုတ်ဘဲ တကယ်ချစ်မိနေတာပဲလေ။

Jungkook ရင်နှစ်မွှာဟာဓားချွန်ဖြင့် အစိမ်းသက်သက် ထိုးခွဲခံလိုက်ရသလိုပင်။
နာကျင်ရတယ်။အရမ်းကိုပဲ။ ချစ်နေရသူကိုမှ သတ်ဖို့ တွေးခဲ့မိတဲ့ ရူးကြောင်ကြောင်အတွေးတွေကို ကျနော် တစ်ကိုယ်ကောင်းစိတ်တွေနဲ့ တွေးခဲ့မိသည်။
ကျနော့် အရှေ့မှာ မျက်နှာချင်းဆိုင်း ရပ်နေသည့် Tae က ​ကြောက်နေပေမဲ့ အနားကနေမခွာသွားခဲ့။
ထွက်လည်း မပြေးသလို။ တိုက်ခိုက်တာမျိုးလည်းမရှိ။ စိတ်ဆိုးဒေါသထွက်ခြင်းလည်း ရှိမနေပြန်။ ဒီလို ပုံစံမျိုးကြောင့် ကျနော် အမှားတွေလုပ်မိတော့မှန်းသိခဲ့ရလေပြီ။

Taehyung လက်နှစ်ဖက်ကို Jungkook သူ့လက်နှစ်ဖက်ဖြသ့်ဆုပ်ကိုင်ထားရင်း...

" ကိုယ့်ကို မုန်းလား..."

" မမုန်းဘူး..."

" ကိုယ့်ကို ခွင့်လွှတ်ပေးနိုင်လား..."

" အမြဲတမ်းပဲ..."

" ချစ်သေးရဲ့လား..."

" ထာဝရပဲပေါ့ Așkim... "

ရိုးရှင်းစွာမေးမိတိုင်း ရိုးရှင်းတဲ့အဖြေတွေသာပြန်ပေးသည်။
အခုလို အချိန်ထိ ချစ်နေသေးတယ်ဆိုတာကြောင့် ကျနော်ပြိုလဲတော့မည်။

Kim:Fall In Love With Criminals (Completed)Where stories live. Discover now