" Tae..."

ထောင့်နေရာလေးတွင် မလှုပ်မယှက်ရပ်နေသည့် Taehyung ကို Jungkook တွေ့သွားသည်။
အခန်းထောင့်ဘေးမှ အလှပန်းအိုးလေးကလည်း ကွဲနေလေသည်။

ဘယ်အချိန်ကတည်းက နိုးနေခဲ့တာလဲ။
ကြည့်ရတယ ကျနော် Jake နဲ့ဖုန်းပြောနေတာတွေကို ကြားသွားခဲ့သည့်ပုံ။

မျ​က်ဝန်းဝါ လေးတွေထဲကနေ သူ့ကို ကြောက်နေဟန်ဖြစ်တော့ ရင်ထဲထိတ်ခနဲဖြစ်သွားရသည်။

အိပ်ပျော်နေတုန်းသတ်ဖို့လုပ်ခဲ့ပေမဲ့ မသတ်နိုင်တဲ့ ကျနော်ကTae ရဲ့ အချစ်တွေထဲ ကျရှုံးသွားရပြန်ပြီလေ။

" Tae...ကိုယ်..."

" မင်း...ညာနေခဲ့တာပဲ...တစ်ချိန်လုံးလေ...ငါ့ကို အရူးလုပ်နေတာ..."

အံ့သြနေခဲ့ရတာထက် အချစ်ဆုံးဆိုသူရဲ့ သစ္စာဖောက်ခြင်းကို ခံရတော့ နှလုံးသားက တစ်ဆစ်ဆစ်ပင်။

" စောစောသိသွားဖို့ မရည်ရွယ်ခဲ့ဘူး..."

ကျနော် Tae ရှိရာ အခန်းထောင့်လေးစီတိုးသွားဖို့လုပ်တော့...

" Van နဲ့ Jimin ကိုလွတ်ပေးလိုက်...မင်းအကြောင်းငါသိသွားပြီလေ...သတ်ချင်သတ် ငါ့ကို ပဲသတ်..."

ခြေလှမ်းတို့က ရပ်တန့်သွားရသည်။
ကျနော်ကို ကြည့်နေတဲ့အကြည့်တွေက မုန်းတီးနေခြင်းမရှိခဲ့။ ကြောက်နေရုံသာ။

Jungkook အနား Taehyung သွားလိုက်သည်။
နီးကပ်စွာအထိကိုပင်။

ကျနော် ကြောက်နေတယ်။ အသတ်ခံရမှာကိုတွေးမိလို့ မဟုတ်။
Jeon ကျနော့်ကို ချစ်ဟန်ဆောင်နေမှာကိုပင်။

ဒီလိုသာဆို ကျနော်ကို Jeon သတ်စရာမလိုပဲ
အလိုလို သေဆုံးသွားရလိမ့်မယ်။

လက်သွယ်သွယ်လေးတွေက Jungkook ဆံနွယ်တွေကို ထိကိုင်လေသည်။
နှုတ်ခမ်းထက် ခပ်ရေးရေး အပြုံးတစ်ခုက ဖြစ်တည်သွားသည်။

" ဆံနွယ်တွေက အစလိမ်ထားခဲ့တာပဲ..."

အနီးကပ်မြင်နေရသည့် မျက်ဝန်းဝါဝါလေးတွေကို ကျနော် မျက်လုံးချင်းဆိုင်ဖို့ခက်လာတယ်။

ဘယ်လိုအတွေးတွေနဲ့များ ကျနော်ရဲ့ ရွှေအိုရောင်လေးကို သတ်ဖို့တွေးခဲ့မိရတာလဲ။

Kim:Fall In Love With Criminals (Completed)Where stories live. Discover now