"ကြယ်သီးတပ်​ပေးအုံး ​ယောငယ်"

"ဟမ် အင်း"

​ယော ပြုတ်​နေ​သောလက်ကကြယ်သီး​လေးအားငြင်သာစွာတပ်​ပေးလိုက်​လေသည်။လူစုံ​နေပြီးဖြစ်တာ​ကြောင့် ​ပျော်ပွဲရွှင်ပွဲစရန်ဆရာကသတိ​ပေးလိုက်​လေသည်။နှုတ်ဆက်ပွဲအ​နေနှင့်က​တော့ ​နေစိုးတို့အိမ်က ကြက်သားဒန်​ပေါက် ​ကြွေးတာ​ကြောင့်အားလုံးစား​​သောက်ပြီးသည်နှင့်စတိတ်စင်ပုံစံ​​ဆောက်ထား​သောစင်ငယ်​လေး​ရှေ့သို့သွား​ရောက်​နေရာယူကြ​လေသည်။​ယောကဒန်​ပေါက်မကြိုက်သည့်အတွက်မစား​​ပေ။​​နောင်ကလည်းမစားဘူးဟုဆိုလာသည့်အတွက် သုံး​ယောက်သား​ဒေါ်​ဒေါ့်ကိုနှုတ်ဆက်ကာ သူငယ်ချင်း​တွေဆီသို့ထွက်ခဲ့လိုက်၏။

စင်​ပေါ်တွင်​တော့တစ်​ယောက်တစ်လှည့်သီချင်းဆိုကြရင်း ​အောက်ကသူငယ်ချင်းများနှင့်ဆရာဆရာမများက​အော်ဟစ်အား​ပေးကြ​လေသည်။​ယောတို့သုံး​​ယောက်လည်း​နောက်ဆုံးတွင်သာဝင်ရပ်လိုက်ကြသည်။သီချင်းဆိုမည့်လူများကဆရာ့ကိုစာရင်း​ပေးထားတာ​ကြောင့်ဆရာ​ခေါ်သည့်အတိုင်းကိုယ့်အလှည့်ကြဆိုကြရသည်။

"ကဲ အခုတစ်ခါအလှည့်ကြတာက​တော့​ကျောင်းရဲ့ဂုဏ်​ဆောင်ကြီးဖြစ်တဲ့ အတန်း​ခေါင်း​ဆောင်​နောင်ထွဋ်ပိုင်ပါ အ​စောကမှစာရင်းလာ​ပေးသွားတာ"

ဆရာ​အော်သံဆုံး​တော့ ​ယောအံ့သြစွာဖြင့်​နောင့်အားလှည့်ကြည့်လိုက်သည်။တစ်ချိန်လုံး​ယောနှင့်အတူရှိ​နေသည်ကိုဘယ်အချိန်စာရင်း​ပေးလိုက်လဲမသိ​ပေ။

"ဆရာ့ကိုဖုန်းနဲ့ message ပို့လိုက်"

​​ယောအကြည့်ကိုနားလည်သည့်အလား​နောင်က​ဘောင်ဘီအိတ်ကပ်ထဲမှဖုန်းအားထုတ်ကာ​ပြောလာ​လေသည်။ထို့​နောက်စင်​ပေါ်သို့​ပြေးသွား​လေသည်။မသွားခင်တစ်ခု​ပြောခဲ့ပါ​သေးသည်။

"​သေချာဂရုစိုက်နား​ထောင်​ပေး​နော်​ယောငယ်" တဲ့​လေ။

"အဟမ်း အခုသီချင်းကကျွန်​တော့်နှလုံးသားကိုကိုင်လှုပ်သွားတဲ့တစ်စုံတစ်​ယောက်ကိုရည်ရွယ်တာပါ"

"ဝိုး...အတန်း​ခေါင်း​ဆောင်ကွ"

အားလုံးထံမှအံ့သြသံများနှင့်အတူ ​ယောနှလုံးသားလည်းတုန်ခါသွားရ​လေသည်။ခုနကပဲ​နောင်ကသူ့အား​သေချာနား​ထောင်ဖို့​ပြောသွားသည်မဟုတ်ပါလား။

မ​​မွှေး​သော်လည်း နမ်းထိုက်၏Where stories live. Discover now