ဗျောက်အိုးတွေရဲ့ဆူညံသံတွေကြောင့်သူနိုးလာခဲ့တယ်၊ဒါပေမဲ့အခန်းကိုကြည့်လိုက်ချိန်၎ကလုံးဝမရင်းနှီးတဲ့မြင်ကွင်းတစ်ခုဖြစ်နေတယ်။
"မင်းဘာလို့အခုထက်ထိမထရသေးတာလဲ ဒီနေ့ဘာနေ့လဲဆိုတာမင်းမသိဘူးလား" အိပ်ခန်းတံခါးဝကတွန်းဖွင့်ခြင်းခံလိုက်ရပြီးအနီရောင်ထန်ဝတ်စုံကိုဝတ်ဆင်ထားသောသက်လတ်ပိုင်းလူကြီးတစ်ယောက်ဝင်လာခဲ့တယ်။ယွီအန်ထုန် အိက်ရာပေါ်မှာပဲရှိသေးတာကိုမြင်တော့ သူ့မျက်နှာရုတ်တရက်အိုသွားတယ်။
၄ကိုရှင်လင်းသွားချိန်မှာတော့ယွီအန်ထုန်မူးမေ့သွားချင်လာတယ်။
ဒီနေရာမှာ‌ဘာတြွေဖစ်နေတာလဲ။
အသုံးမကျတဲ့အရူး၊ ယွီအန်ထုန်ရဲ့ခြောက်ကပ်ကပ်နိုင်တဲ့အကြည့်ကိုမြင်ပြီးသက်လတ်ပိုင်းလူကြီးကမနှစ်မြို့ခြင်းပြည့်နှက်လာပြီးသူ့အသံကပြောင်းသွားတယ်၊သူကနူးညံ့တယ်ပုံပေါ်တယ်၊ဒါပေမဲ့အမှန်ကတော့ခြိမ်းခြောက်မှုအပြည့်ဖြစ်နေတယ်
"ရှင်းမိသားစုနဲ့လက်ထပ်ပြီးလည်းမကြာမကြာပြန်လာဖို့သတိရပါ အာ(Ah) မင်းအစ်မအန်နန်လည်းမင်းကိုလွမ်းနေပါလိမ့်မယ်"
စကားပြောပြီးနောက်သက်လတ်ပိုင်းလူကြီးကသူ့အနောက်ကလူတစ်ချို့ဝင်လာနိုင်စေရန်ဖယ်ပေးလိုက်တယ်
"မြန်မြန်လေး သူ့အတွက်စီစဉ်ပေးဦး
ရှင်းမိသားစုရဲ့ယာဉ်က မကြာခင်ရောက်လာတော့မယ် မင်္ဂလာချိန်ကိုမနှောင့်နှေးစေနဲ့"
မင်္ဂလာဆောင်ရမယ်?မင်းတို့ဘာလုပ်ချင်တာလဲ?ပြီးတော့သူကသူ့မိဘတွေစွန့်ပစ်ခဲ့တဲ့မိဘမဲ့တစ်ယောက်ပါ၊သူ့မှာဘယ်ကအစ်မတစ်ယောက်ရှိသွားတာလဲ။
ခဏလေး၊အန်နန် ဒီနာမည်ကိုတော်တော်လေးရင်းနှီးနေတယ် ‌ဒါကိုအရင်ကဘယ်မှာကြားဖူးတာလဲ။
ယွီအန်ထုန် တွေးမပြီးခင်မှာပဲ ဝင်လာခဲ့တဲ့အမျိုးသမီးတွေကသူ့ကုဆွဲခေါ်ပြီးအဋတ်လဲဖို့သတိပေးတယ် ပြီးတော့ မိတ်ကပ်လိမ်းရန် ထိုင်ခိုင်းခဲ့တယ်။
မှန်ထဲကပုံရိပ်မှာ ဖြူဖွေးနူးညံ့သောအသားအရေ၊ကောင်းမွန်သောမျက်နှာသွင်ပြင်၊အထူးသဖြင့်ရွှန်းလဲ့ပြီးကြင်နာတတ်တဲ့မျက်ဝန်းတစ်စုံရှိတယ်။
သူ့ရဲမျက်လုံးတွေဟာထူးခြားတဲ့ဇာမဏီမျက်ဝန်းတစ်စုံဖြစ်မြီးအတွင်းဘက်မှအပြင်ဘက်သို့ချိတ်ဆက်ရစ်တွယ်နေတယ်။ဒါပေမဲ့သာမန်ဇာမဏီမျက်ဝန်းကဲ့သို့ကျဉ်းမြောင်းရှည်လျားခြင်းမရှိဘူး။ဒါကြောင့်ပဲလူတွေကိုကြည့်လိုက်ရင်စူးရှရက်စက်မှုနည်းပြီးနူးညံ့နွေးထွေးတယ်မျက်လုံးထောင့်လည်းအနည်းငယ်ပေါ်လွင်တယ်။လင်းရန်ရဲ့ခမ်းနားမှုကြောင့်ယောကျာ်းတစ်ယောက်ရဲ့လှပသောသွင်ပြင်ကိုပျောက်ကွယ်သွားစေတယ်။
သူဒါကိုတွေ့လိုက်ချိန်သူ့လှပသောမျက်နှာလေးကမမှားဘူးလို့တွေးနေတယ်။
သူ့လည်စေ့ပေါ်ထိကြည့်ဖို့လက်လှမ်းလိုက်တယ် ဒါကရှိနေသေးတယ် ယောကျာ်းလေးဖြစ်နေသေးတယ်။
ယောကျာ်းတစ်ယောက်နဲ့လက်ထပ်ရမယ်ဆိုတော့ ယွီအန်ထုန်အံ့အားသင့်ခဲ့တယ်။
မီးရောင်၊အလင်းရောင်တွေကိုမြင်လိုက်တော့ ယွီအန်ထုန်သူ့စိတ်ထဲမှတ်ညဏ်တွေပေါ်လာတယ်။
အန်နန်ဆိုတဲ့နာမည်ဟာယွီအန်နန်ဖြစ်တယ်လို့သူမှတ်မိခဲ့တယ်။သူဝယ်ခဲ့တဲ့"ချမ်းသာသောမိသားစုရဲ့အသည်းကျော်လေး"ဝတ္ထုကအဓိကဇာတ်ဆောင်ရဲ့အစ်မဖြစ်နေတယ်။
အဲ့ချိန်ကဒီဝတ္ထုကိုမြင်လိုက်ချိန် သူနဲ့နာမည်တူတဲ့ ရှောင်ရှို့ရှို့(shoushou) ကိုထောက်ခံဖို့သူဒါကိုဝယ်လိုက်တယ်။
တစ်စုံတစ်ယောက်ကသူ့ကိုစာပြန်ခဲ့တယ် စာအုပ်ကိုသတိထားဖို့ပြောတယ်။
အဲ့ချိန်တုန်းကတော့ဒါကိုရယ်ခဲ့တယ်၊အခုတော့သူစာအုပ်ထဲကရှိုဖြစ်လာတယ် နာမည်တူတဲ့အဓိကဇာတ်ဆောင်ဖြစ်နေတယ်။
သူ့မျက်နှာပေါ်ဆီလိမ်းပေးနေတဲ့မိတ်ကပ်ဆရာကိုဘေးသို့တွန်းလိုက်ပြီးယွီအန်ထုန် ပြောခဲ့တယ်"ကျွန်တော်သန့်စင်ခန်းသွားလိုက်ဦးမယ်"
တံခါးကိုပိတ်လိုက်ပြီးနှလုံးခုန်မြန်ခြင်းကြောင့်အလွန်ထိတ်လန့်တဲ့အမာအရာဖြစ်ပေါ်လာတယ်။တိတ်ဆိတ်တဲ့နေရာလေးမှာအထူးသဖြင့်သူ့နှလုံးခုန်သံကိုသိသာစွာခံစားနေရတယ်။
သူ့နှလုံးပေါ်လက်ဖဝါးတင်လိုက်ပြီးယွီအန်ထုန်အံ့ဩသွားတယ်၊နှလုံးခုန်သံပြင်းပြင်းကသူ့ကိုနောက်တစ်ကြိမ်စိတ်လှုပ်ရှားလာစေတယ်။
သူနိုးလာချိန်မှာခန္ဓာကိုယ်ထူးဆန်းနေတယ်ထင်တာမဆန်းတော့ပါဘူး ဟုတ်ပြီ သူ့ရောဂါမရှိတော့ဘူး အခုသူကျန်းမာနေပြီ။
အရင်ကကျန်းမာခြင်းဆိုတာ ယွီအန်ထုန် မပြောရဲတဲ့အရာတစ်ခုပဲ။သူ့အတွက်ဒီဟာကဘဝသစ်တစ်ခုပဲ။ယွီအန်ထုန်ချက်ျင်းနှစ်ကြိမ်လောက်ခုန်လိုက်တယ် နှလုံးက အဆင်ပြေတယ်။
မှန်ထဲကလူရဲ့ပါးများကအနည်းငယ်ရဲနေပြီး ဖြတ်လတ်မှုအပြည့်ရှိနေတယ် ပြီးတော့နွမ်းနယ် ဖြူရော်မှုလည်းမရှိဘူး။
ယွီအန်ထုန် အပျော်လွန်ပြီး သန့်စင်ခန်းထဲ အရူးလိုခုန်နေတယ် သူပျော်လွန်းလို့ငိုလုနီးပါးဖြစ်ပြီး မျက်လုံးတွေနီနေပေမဲ့ နှုတ်ခမ်းလေးကတော့ပြုံးနေတယ်။
နောက်ဆုံးသူ့ခံစားချက်တွေငြိမ်သွားမှပဲ ယွီအန်ထုန် ထွက်လာပြီးမိတ်ကပ်ဆရာကို မိတ်ကပ်လိမ်းခွင့်ပြုရင်း ဇာတ်လမ်းကိုစဉ်းစားနေတယ်။
စာအုပ်ထဲကယွီအန်ထုန်မိဘတွေက သူတို့မောင်နှမငယ်စဉ်က လေယာဉ်ပျက်ကျပြီး ဆုံးပါးခဲ့တယ်။ သူ့မိဘအမွေတွေကိုလိုချင်တဲ့ ဦးလေးဖြစ်သူ ယွီချင်းနျန်ဆီမှာနှစ်ယောက်လုံးမွေးစားခံလိုက်ရတယ်။ဦးလေးအိမ်မှာ ဝမ်းကွဲတွေရဲ့အနိုင့်ကျင့်နှိပ်စက်ခံရပြီး ခက်ခဲစွာရှင်သန်ရတယ်။
ရှင်းမိသားစုရဲ့အကြီးဆုံးသခင်လေးက ယောကျာ်းတွေကိုကြိုက်တယ်ဆိုတဲ့သတင်းမထွက်ခင်ထိပဲ။
ယွီချင်းနျန်ကသူဦးဆောင်မှုဖြင့် ကျန်းချန်အထက်တန်းလွှာအသိုင်းအဝိုင်းကိုဝင်ဆံ့နိုင်အောင်သိသိသာသာကြိုးပမ်း‌နေတယ်။
သူပထမကြိမ် ကောလဟာလ ကြားတုန်းက ဒါကဟာသလို့ပဲ ယူဆခဲ့တယ်။ ရှင်းမိသားစုလိုချမ်းသာတဲ့မိသားစုကအမွေဆက်ခံသူက ဘာလို့ယောကျာ်းလေးကိုကြိုက်မှာလဲ။ ဒါတွေအားလုံးက အပျော်ပါပဲ။ မျိုးရိုးဆက်ခံဖို့မိန်းမတစ်ယောက်လကထပ်ပြီး ကလေးမွေးတာနဲ့မှမဆိုင်တာ။
ရှင်းမိသားစုရဲ့ အမျိုးသမီးကြီးက သူ့မြေးကို ရှင်းမိသားစုထဲ ယောကျာ်းတစ်ယောက်ကိုလက်ထပ်ပြီး ဝင်ခွင့်ပြုစေမှာမဟုတ်ဘူး။ နောက်တစ်စက္ကန့်မှာ သူတစ်ခုခုကိုသတိရပြီး သူ့မျက်နှာပြောင်းလဲသွားတယ် သူအရမ်းပျော်သွားတယ်။ ယွီချင်းနျန် ဒီအသိုင်းအဝိုင်းရဲ့ထောက်တိုင်က သူ့ခြေဖဝါးအောက်ရောက်လာတော့မယ်လို့ မြင်ဟန်တူတယ်။
သူနှစ်ရက်ကြာချင့်ချိန်ပြီးနောက် ရှင်းမိသားစုရဲ့ အမျိုးသမီးကြီးကို ရှာရန် အပြေးအလွှားသွားခဲ့တယ်။ ပြီးတော့ မိသားစုနှစ်စုကြားက လက်ထပ်ပွဲကိုပြောခဲ့တယ်။ ဒီဇာတ်ကြောင်းကိုကြည့်ချိန်မှာတော့ စာဖတ်သူများက အန်ကယ်ယွီပြောခဲ့တာကိုမေးမြန်းရန် မှတ်ချက်ပေးခဲ့ကြတယ်။ ဒါကြောင့် ရှင်းအမျိုးသမီးကြီးက အမျိုးသားဇာတ်လိုက်ကို  ယောကျာ်းတစ်ယောက်နှင့်လက်ထပ်ရန်တွန်းအားပေးခဲ့တယ်။
ဒါကြောင့် စာဖတ်သူတွေဘယ်လိုမေးပါစေ ဒီဟာက နိမိတ်ပြဖြစပြီး သိချင်သူတွေအတွက် ချစ်စရာကောင်းတဲ့နတ်သားငယ်လေးက ဒါကိုဝယ်ပြီးသွားရင် ဆက်လာလိမ့်မယ်လို့ပဲ စာရေးသူကပြောခဲ့တယ်။ ဒီစာအုပ်ကိုမှီငြမ်းပြီး ဂုဏ်သိက္ခာရှိနူးညံ့ငသာပုဂ္ဂိုလ် vs ဝေဒနာသည်ဇနီးလေးစာအုပ်ကိုရေးခဲ့သော်လည်း စာရေးဆရာရဲ့ အရေးအသား မကောင်းတာ သနားစရာပဲ ။ဒါကြောင့် ဇာတ်ကြောင်းက ရှုပ်ထွေးနေတယ်။စာနာကြင်နာတတ်သောရှိုလေးက ကြင်နာတဲ့နှလုံးသားကြောင့်ပြိုလဲသွားခဲ့ပြီး ကြာပန်းဖြူ အပျိုစင်က ဂုတ်ခြည်း ဖော်ပြခံရတယ်။ အန်ကယ်ယွီရဲ့မိသားစုကတရားလွန်ရင်တောင် သူကသူတော်ကောင်းတရားနှင့်အညီ သူရဲ့နစ်နာမှုကိုပြန်ပေးဆပ်ခိုင်းမယ်။ဒါတွေအားလုံး ကိုကြည့်ပြီး အဆင်မပြေ ရင်တောင် ယွီအန်ထုန် သည်းခံပြီး ဆက်ဝယ်ခဲ့တယ်။ အဓိက ဘယကြောင့်လဲဆိုတော့ စာရေးဆရာမှီငြမ်းထားတဲ့ ဇာတ်လိုက်(gong) ရဲ့ဇာတ်ညွှန်းက သူ့ကိုအရမ်းဆွဲဆောင်နိုင်လို့ပဲ။
နှာတံကဖြောင့်စင်းပြီး လက်ခလယ်ကရှည်လျားတယ်။ သန်မာသောခါးနှင့်လက်မောင်းတွေရှိတယ်။သခင်ငယ်လေးက လူတွေကို အရေးမလုပ်ပဲ အထက်စီးဆန်တယ်။ဒါပေမဲ့ ချစ်မိသွားတော့လည်း သံသတွေအပြည့်ပါပဲ။သူကတိုက်ခိုက်ပြောင်းလဲမှုကိုမြင်ရန်စောင့်နေသေးတယ်။စာဖတ်သူတွေကတော့သူ့ကိုဗုဒ္ဓဘာသာဝင်မဖြစ်စေချင်ဘူး။ စာဖတ်သူအများစုက  ကူးရေးသူက သူတို့ကိုလှည့်ဖျားနေယတလို့ ပြောခဲ့တယ်။
စာဖတ်သူတွေကဲ့လွှမ်းမိုးမှုကြောင့် နောက်စာအုပ် မှာ ယွီအန်ထုန်ကိုပါဝင်ခွင့်ပြုဖို့သူဆုံးဖြတ်ထားကြောင်း နောက်ဆုံးခန်းမှာ စာရေးဆရာကပြောကြားခဲ့တယ်။အခု ယွီအန်ထုန် ဗုဒ္ဓဘာသာစနစ်မဖြစ် နောက်ထပ်မနေနိုင်တော့ဘူး။သူ့ရဲ့ကျန်းမာရေးညံ့ဖျင်းမှုကြောင့် ဒီနေ့အတွက် မနက်ဖြန်ဆိုတာမရှိတော့ဘူး။

လက်ထပ်ပြီးနောက်နေ့တိုင်းဟာမွှေးပျံ့နေတယ် ( Mm translation)Where stories live. Discover now