ရုတ်တရက်ခေါင်းအားရင်ခွင်ထဲသို့တိုးလိုက်တာကြောင်​​့ မောင့်ရဲ့ဆံပင်များကိုဖွဖွလေးသပ်ပေးကာ ဖက်ထားလိုက်သည်။

"ထားမသွားဘူး မောင်မငိုနဲ့လေနော်.. "

"မင်းမောင့်ဆီကထွက်သွားတုန်းကလေ မောင်ရူးတော့မလိုပဲ
မောင်ညတိုင်းအိပ်မက်မက်တယ်
အိပ်မက်ထဲက ကင်မ်ထယ်ယောင်းက မောင်ကိုအဖက်မလုပ်ဘူးHoneyရာ.."

ကလေးတစ်ယောက်လိုတိုင်နေတာကြောင့် ထယ်ယောင်းပြုံးလိုက်မိသည်။ မောင့်အပေါ်စိတ်ခုတာတွေရှိပေမဲ့ ခဏတော့သီးခံရမည်ထင်ပါ့။ မောင့်ရဲ့စိတ်အခြေအနေကိုကြည့်ပြီးနေရမည့်ပုံစံပင်။

ထယ်ယောင်းမောင့်ကိုကုတင်ပေါ်ခေါ်ကာ ချော့သိပ်ထားလိုက်သည်။ ထိုလူဆိုးကောင်က သူ့ရင်ခွင်ထဲတိုးဝင်ပြီးခါးကိုတင်းနေအောင်ဖက်ထားသေးသည်။

"မောင်နိုးလာတဲ့အထိနေပေး မောင့်ကိုထားသွားရင် ဒီတစ်ခါတူတူသေကြတာပေါ့"

"ငါဘယ်မှမသွားဘူးမောင် စိတ်ချလက်ချအိပ်"

ခေါင်းကိုဖွဖွလေးပုတ်ပေးပြီးပြောတော့ သကောင့်သားလေးက ခွေးပေါက်လေးလိုရင်ခွင်ထဲအတင်းတိုးဝင်ပြီးခဏကြာတော့အိပ်ပျော်သွားသည်။

"ဟူး....ဒီကြားထဲဘာတွေဖြစ်ခဲ့တာလည်းမောင်ရယ်.."

မောင့်ကိုစောင်ခြုံပေးပြီး ထယ်ယောင်းလည်း အိပ်စက်ခြင်းဆီသို့..။

(အဟမ်း နည်းနည်းကြာသွားတယ်မလာ Examကပြီးသွားပြီးမို့လို့ပါ။ ဆိုတော့ကာ ပုံမှန်ပြန်runကြတာပေါ့ GoodnightပါReaderတို့ရေ..
တီတီတာတာပြောစရာလူမရှိရင်အိပ်ကြပါ အကီကတော့အိပ်ပါတော့မယ်)

<Zawgyi>
"မေမေ သားလာတယ်"

ကျူးလစ်ပန်းအဖြူရောင်လေးကိုအုတ်ဂူပေါ်တင်ပေးရင်း မြက်ခင်းစိမ်းစိမ်းပေါ်တွင်ထိုင်ချလိုက်သည်။ ကိုကိုကတော့ မေမေ့အုတ်ဂူဘေးက ကိုကြည့်ပြီး အတိတ်ကိုပြန်တွေးနေဟန်ပင်။

"မေချယ်..
သားငယ်လေးက ရှေ့နေဖြစ်နေပြီးကွယ်..
နင်လည်းကောင်ကင်ဘုံမှာကင်မ်နဲ့ဆုံနေလောက်ရောပေါ့"

Loading.. [COMPLETE]Where stories live. Discover now