"ဂျွန်ဂျောင်ကု!!"

"မောင်..မောင်တောင်းပန်ပါတယ်"

မောင့်အခြေအနေက ခုကျတော့ လုံးဝအပြစ်ကင်းသည့်ကလေးတစ်ယောက်လိုငြိမ်ကျသွားသည်။

"မင်းဘာလို့လူသတ်ရတာလည်း..!"

မောင်ကခုထိခေါင်းမော့မလာသေး။ကြမ်းပြင်ကိုပင်ငုံ့ကြည့်နေပြီး လက်သီးကိုလည်းကျစ်ကျစ်ပါအောင်ဆုပ်ထားသေးသည်။

"မင်းကြောင့်လေ..."

အေးစက်စက်အသံနဲ့အတူသူ့ကိုကြည့်ပြီးပြောလာသည့်မောင်က ခုဏကဂျွန်ဂျောင်ကုနှင့်လားလားမျှမဆိုင်။

"မင်းနဲ့မောင့်ကိုခွဲတဲ့လူမှန်သမျှသေရမယ်..
မင်းသိရဲ့လားမောင့်ရဲ့Honeyငယ်..
မင်းအတွက်ဆို မောင်မလုပ်ရဲတာ တကယ်မရှိတော့တာ.."

ပါးပြင်နားသို့တစ်ဖြည်းဖြည်းကပ်လာပြီး ပါးကိုကြမ်းရှရှအနမ်းခံလိုက်ရသည်။ ထယ်ယောင်းမတွန်းဖယ်ရဲ။ ဂျောင်ကုထံမှ အေးစက်စက်အငွေ့အသက်တစ်ချို့ကိုရနေသောကြောင့်ပင်။

"မောင်မင်းကိုဘယ်လောက်တောင်လွမ်းခဲရသလည်းHoneyရာ.."

နတ်ဆိုးကောင်က သူ့ခါးကိုလက်နှစ်ဖက်ဖြင့်ဖက်ပြီး လည်တိုင်များအားတစ်ရှုံ့ရှုံ့နမ်းနေသည်။ ရင်ဘတ်ကိုအတင်းတွန်းဖက်တော့ နားရွက်ကိုဆွဲကိုက်ခံလိုက်ရသည်။

"ငြိမ်ငြိမ်နေ မောင့်သက်လှယ်..
မောင်မင်းကို တစ်ခုခုမလုပ်မိခင် မောင့်အသက်က ငြိမ်ငြိမ်လေးနေ"

နားရွက်နားကပ်ပြီး တိုးဖွဖွဖြင့်ချိန်းခြောက်သလိုပြောလာတာကြောင့် ထယ်ယောင်းငြိမ်နေလိုက်မိသည်။ ရင်ဘတ်ထဲမှအကောင်ပေါက်လေးဟာလည်းအစမတန်ခုန်ပေါက်နေသည်။

နှစ်တွေအများကြီးကြာသွားသည့်တိုင်ပိုင်ရှင်ကိုမှတ်မိနေသည့်အလားပင်..။

"မောင့်ကိုထားမသွားပါနဲ့.."

ရုတ်တရက်ဖတ်ထားရာမှ ရှိုက်သံထွက်လာတာကြောင့် ထယ်ယောင်းမောင့်ကိုအလန့်တကြားဖက်လိုက်မိသည်။ မောင့်၏စိတ်အခြေအနေက ပုံမှန်ဟုတ်မနေပါ။

"မောင် ဘာဖြစ်တာလည်း.."

"Honey မောင့်ကိုထပ်ထားမသွားပါနဲ့ ရှိခိုးပြီးတောင်းပန်ရလည်းဖြစ်တာမို့ မောင့်ကိုတစ်ယောက်တည်းမထားခဲ့နဲ့"

Loading.. [COMPLETE]Место, где живут истории. Откройте их для себя