"အ!!"
"စောက်စကားပြော ကင်မ်ထယ်ယောင်း!!
မင်းမောင့်ဒေါသကိုမစွနဲ့! "
"ငါ့ကိုမအော်နဲ့ လူယုတ်မာကောင်ရဲ့!!"
"အဲ့လူယုတ်မာက မင်းလင်ဖြစ်လာမှာ ဂျွန်ထယ်ယောင်း!!"
ပုခုံးနှစ်ဖက်ကိုဆောင့်ဆွဲပြီး ပြောတော့ ဝက်ဝံလေးက သဘောမကျသည့်ပုံဖြင့်အတင်းရုန်းကန်နေသည်။
"မင်းလို လူယုတ်မာ သစ္စာဖောက်ကောင်ကိုငါမယူနိုင်ဘူး လွှတ်!!"
"မောင့်ကို ဒေါသထွက်အောင်မလုပ်နဲ့ကင်မ်ထယ်ယောင်း! မင်းကိုဒီကောင်က ခြေထောက်ပြေးဖက်မတတ်ကိုချစ်တာ!! သစ္စာဖောက်ဖို့ စိတ်နဲ့တောင်မတွေးဖူးဘူး!!"
မောင်က အပြင်းအထန်ဒေါသထွက်နေပုံ။ ခုလိုကျတော့လည်းနာတတ်လိုက်ပုံများ။ ငါနေ့နေ့ညညငါးနှစ်လောက် စိတ်ဒုက္ခရောက်ခဲ့ရတာကို မှီနိုင်မှာမို့လို့လား!။
"ဂျွန်ဂျောင်ကု! မင်းမျက်နှာပြောင်မတိုက်နဲ့! အဲ့မိန်းမရဲ့DNAစစ်ချက်က မင်းနဲ့99.99%တူတယ်!!
မင်းငါ့ကိုထပ်လိမ်ဖို့မကြိုးစားနဲ့တော့!"
"မောင်တကယ်..မောင်လုံးဝမလိမ်ဘူးHoneyရာ အဲ့မိန်းမနဲ့ဂျော်နီကတမင်သက်သက်ကို လုပ်ကြံထားတာ မောင့်ကြိမ်ဆိုရင်တောင်ကြိမ်ရဲတယ် ဒီကောင်က လုံးဝမလိမ်ဘူး!"
"မင်းကိုမယုံတော့ဘူးဂျွန်ဂျောင်ကု မင်းတကယ်ဖြူစင်တယ်ဆိုရင် အဲ့မိန်းမကိုငါ့ရှေ့ခေါ်ပြီးရှင်း!"
Honeyရဲ့စကားကိုကြားတော့ ဂျောင်ကုရဲ့တစ်ခဏမျှငြိမ်သွားသည်။အဲ့မိန်းမကိုအသက်ရှင်ခွင့်ပေးခဲ့သင့်တာလာ။ အတွေးများကယောင်ချာချာဖြင့် Honeyကိုကြည့်မိတော့ Honeyကဖြေရှင်းချက်လိုချင်နေသည့်မျက်ဝန်းတစ်စုံဖြင့်ကြည့်နေသည်။
"ဖုန်းဆက်ခေါ်လိုက်လေ ရှင်းကြတာပေါ့ဂျွန်ဂျောင်ကု"
"မောင်..မောင်..
မောင်သူ့ကိုသတ်လိုက်ပြီးHoney"
နားကြားများမှားသွားတာလာ။ မောင်ကထိုစကားကိုပြောပြီး ချက်ချင်းခေါင်းငုံ့သွားသည်။ မောင်ကလူသတ်တယ်တဲ့လား။ မောင့်လို23နှစ်ကျော်ကျော်ကောင်လေးတစ်ယောက်က လူသတ်တယ်တဲ့လား။
YOU ARE READING
Loading.. [COMPLETE]
Fanfictionမင်းငါ့ကိုပြန်မကြိုက်ရင် အခုလူကြားထဲမှာပဲ မင်းတင်ပါးကိုပုပ်တဲ့အထိရိုက်မယ်ဆိုတာယုံတယ်မလာကင်မ်ထယ်ယောင်း။ Jeon Jungkook ဂျွန်..ငါနဲ့ဝေးဝေးနေ မင်းကိုကြောက်တယ်။ Kim taehyung မင်းငါ့ကိုပြန်မကြိုက်ရင် အခုလူကြားထဲမှာပဲ မင်းတင်ပါးကိုပုတ်တဲ့အထိရိုက်မယ်ဆိုတာယု...
Part-19
Start from the beginning
![Loading.. [COMPLETE]](https://img.wattpad.com/cover/315002051-64-k572191.jpg)