ဆိုင်ကယ်ဦးထုပ်ကိုဆောင်းပေးတော့ ခါတိုင်းလိုပင်ငြိမ်ခံနေသည်။
ဒီလိုကျတော့လည်း နာခံတတ်သားပဲ။

"တက်!"

ဆိုင်ကယ်ပေါ်ဆောင့်ဆောင့်အောင့်အောင့်နဲ့တက်လာပြီး နောက်အစွန်ဆုံးမှာသွားထိုင်နေသည်။ ကလေးကလား။

"ခါးကိုဖက်ထားပြုတ်ကျမယ်.."

"မဖက်ဘူး!"

"Hk! "

ဆိုင်ကယ်စက်ကိုနှိုးပြီး လီဗာကိုစောင့်ဆွဲလိုက်တော့ ဝက်ဝံလုံးလုံးလေးကခါးကို အလန့်တကြားနဲ့လာဖက်သည်။ စိတ်တိုနေတာတွေတောင် ​ကြက်ပျောက်ငှက်ပျောက်။

ဦးတည်ရာကရှုပ်ထွေးလွန်းလှသည်။အရင်ကသွားနေကျ ဟန်မြစ်နဘေးလို့ထင်ပေမဲ့မဟုတ်ပြန်ဘူး။ တိုက်ခန်းဟောင်းသို့သွားသောလမ်းလည်းမဟုတ်။

ခြံလေးတစ်ခု၏ရှေ့သို့ရောက်တော့ ဂျောင်ကုကဆိုင်ကယ်ကိုထိုးရပ်လိုက်ပြီး သူ့အားလက်ကောက်ဝတ်မှဆွဲကာ ခြံထဲသို့ ဝင်သွားလိုက်သည်။ တစ်ထပ်တိုက်လေးက သပ်သပ်ရပ်ရပ်လေးနှင့် အညိုရောင်ဆေးများကိုလည်း သုတ်ထားသေးသည်။

အခန်းထဲသို့ရောက်သည်နှင့် တံခါးအားစောင့်ပိတ်ပြီး ထယ်ယောင်း၏ဆိုင်ကယ်ဦးထုပ်အားချွတ်လိုက်ကာ ကိုယ်လေးအား နံရံနှင့်စောင့်တွန်းကပ်လိုက်သည်။

ခေါင်း၏တစ်ဖက်တစ်ချက်တွင်လည်းလက်ကိုထောက်ထားပြီး ထယ်ယောင်း၏မျက်နှာကိုပေါက်ထွက်မတတ်ကြည့်နေသည်။

အသက်ရှူသံများကလည်းစည်းချက်မညီ..။

"ငါးနှစ် ကင်မ်ထယ်ယောင်း...
မင်းမောင့်ကိုစောက်ရူးလို ငါးနှစ်ယောက်ထားသွားခဲ့တာ!

ပျော်မှပျော်ရဲ့လာ..ဟမ်?
မင်းကိုစောက်ရူးလိုချစ်တဲ့ကောင်ဆီက ထွက်ပြေးသွားရတာ ပျော်မှပျော်ရဲ့လာမောင့်ရဲ့Honey!..."

ခုထိသူ့ကိုကြောက်ရွံ့သလိုကြည့်နေသောထယ်ယောင်းကြောင့် ဂျောင်ကုစိတ်မရှည်တော့ ။
ပါးနှစ်ဖက်ကိုညစ်လိုက်ပြီး စူထွက်လာသောနှုတ်ခမ်းဖူးဖူးလေးအား တစ်ချက်ငုံစုပ်ကာ ကိုက်ဆွဲပစ်လိုက်သည်။

Loading.. [COMPLETE]Where stories live. Discover now