ဇာတ်သိမ်းပိုင်း

Start from the beginning
                                    

သည်ဘက်နားတွင် ပြတိုက်များကလို ရုပ်ရှင်လက်မှတ်လေးစောင်ကို ဖန်ပေါင်းချောင်အုပ်၍ထားသည်။ ညီညီတို့ရုပ်ရှင်နှစ်ခါကြည့်ဖူးသည့် အမှတ်တရအနေနှင့်ဖြစ်သည်။
ဇေသိမ်းထား၍သာ လက်မှတ်လေးနှစ်ခုကို ပြနိုင်ခဲ့တာဖြစ်သည်။

ညီညီနဲ့​ဇေ ကာလတစ်လျှောက်လုံးအတူရိုက်ခဲ့ဖူးသမျှ ဓာတ်ပုံဖိုင်ကလည်း ဖန်ပေါင်းချောင်တစ်ခု။ သင်တန်းသားဘဝတည်းက ဇေ့မွေးနေ့ဖြစ်ဖြစ် ညီညီ့မွေးနေ့ဖြစ်ဖြစ် တစ်ယောက်တပြန်ပေးခဲ့ကြသည့် အရုပ်လေးတွေ၊ လက်ကောက်လေးတွေ၊ သိုးမွေးဦးထုပ်တွေ၊ မာဖလာတွေကို ခုနှစ်အလိုက်စာတွေကပ်ထားကာ ပရိတ်သတ်ကိုပြထားသည်။

ဖြူလွှလွှပိုးပိတ်စနောက်ခံပေါ်တွင် အစိမ်းရောင်စာလုံးများတန်းစီထားသည်။ အခမ်းအနားတစ်ခုလုံးကို အစိမ်းနုရောင်ကိုအားပြု၍ဆင်ထားသည်။ အစိမ်းရောင်သည် Flowers များကိုကိုယ်စားပြုသည်။ ပြီးခဲ့သည့်တစ်ပတ်လုံး ညီညီတို့ မင်္ဂလာပွဲနှင့်ပတ်သတ်ပြီး အသေးစိတ်ကမှအစ ကိုယ်တိုင်စီစဥ်ခဲ့ကြသည်။

ပွဲနေ့လည်းရောက်ကာမှ သတို့သားနှစ်ယောက်သည် မနက်အိပ်ရာထပြီး ပွဲအတွက်စတင်ပြင်ရကတည်းက မ​ေတွ့ရတော့ချေ။ တစ်ယောက်တစ်ခန်းစီ ပြင်ရင်းဆင်ရင်း နှစ်ယောက် ဘယ်လိုပုံစံနှင့် တွေ့ရမလဲဆိုတာရင်ခုန်မိသည်။ အခန်းချင်းကပ်လျက်ဖြစ်သော်လည်း ကမ္ဘာခြားနေကြသည့်နှယ်။

ညီညီလည်းရင်တွေသိပ်ခုန်နေသည်။ အချိန်တိုင်းတွေ့နေရတာတောင် ရင်ကခုန်မြဲခုန်ဆဲ။ သည်နေ့ကညီညီ့ဘဝအတွက် ရင်အခုန်ဆုံးနေ့နှင့် အပျော်ဆုံးနေ့ဖြစ်ပါလိမ့်မည်။ ညီညီချစ်တဲ့ဇေ့ကို တစ်ဘဝလုံးစာအနားမှာအတူခေါ်ထားနိုင်တော့မည်။ ဇေဟာ ညီညီ့အပိုင်ပါလို့ တလောကလုံးကကြေညာပစ်တဲ့နေ့ဆိုရင်လည်း မမှားပါပေ။

ညီညီ့မှာတရားဝင်ပိုင်ဆိုင်သူရှိလာတော့မည်။ ညီညီသည် တစ်စုံတစ်ယောက်၏ပိုင်ဆိုင်မှုအောက်ကိုရောက်သွား​​တော့မည်။ ထိုခံစားချက်ကို ညီညီသိပ်သဘောကျသည်။

ညီညီတို့မင်္ဂလာပွဲကို တစ်တိုင်းပြည်လုံးရော အင်တာဖန်တွေကပါဝိုင်းဂုဏ်ပြုပေးကြသည်။

IDOLWhere stories live. Discover now