-ဆရာမဝင်လာပြီးတာနဲ့ သူတို့အတန်းလည်း ငြိမ်သွားကြသည်။ 1:30ရောက်တော့ သူတို့စာမေးပွဲစ​ဖြေကြသည်။ -

(ကျော်ပါရစေ☺)

-Yeonjunတို့ဆီတွင်လည်း စာမေးပွဲစဖြေနေလေသည်။ -
.
.
.
"အီယား ကောင်းလိုက်တာကွာ.....တစ်ဘာသာကျွတ်သွားပြန်ပြီ။ "

"ခင်ဗျားကလည်းငြီးလိုက်တာ။ "

"သွားကြမယ်...မုန့်သွားစားကြမယ်။ "

-သူတို့အုပ်စုမုန့်သွားစားခဲ့ကြသည်။ -
.
.
.
(ဒုတိယရက်)

"နောက်ကျနေလိုက်တော့ ဆူဘင်းရေ......"

-သူကိုယ်သူသတိပေးကာ ကျောင်းထဲပြေးဝင်လာသူတစ်ဦး။ သူ့နောက်တွင်တော့ စီနီယာတွေလာနေကြသည်။ -

"တောင်းပန်ပါတယ်။ "

"မြန်မြန်ဝင်ဖြေတော့။ "

-အတန်းစောင့်ဆရာရဲ့ဆူသံနှင့်အတူ ဆူဘင်းစာမေးပွဲဝင်ဖြေခဲ့ရသည်။ ဆူဘင်းလာမှထယ်ဟျွန်းလည်း စိတ်အေးသွားပြီး စာဆက်ဖြေနိုင်ခဲ့သည်။ -
.
.
.
(တတိယရက်)

-ဘောမ်ဂယူနှင့် ဟျွန်းဂျင်တို့က ဘေးချင်းယှဥ်လျက်ထိုင်နေသည်။ felixက ဘောမ်ဂယူအနောက်တွင်ဖြစ်သည်။ ဟျွန်းဂျင် ဘောမ်ဂယူဆီကလည်း အနည်းငယ်ပြမှုကြောင့် ဒီဘာသာကို သူဖြေနိုင်ခဲ့သည်။ -

"ခိုးကြည့်တယ်..."

"မင်းလည်းပြတယ်မလား။ "

-အခန်းထဲက ထွက်လာလာချင်း တစ်​ယောက်ကိုတစ်ယောက် ကျီစယ်မျက်စောင်းတွေထိုးနေကြသည်။ -

"မုန့်သွားစားကြဦးမလား။ "

"တော်ပါတော့....
မုန့်ကျွေးပြီးသေအောင်သတ်နေတာလား။ ဟိုနေ့က ခင်ဗျားကျွေးတဲ့မုန့်ကြောင့် ဝမ်းပျက်ပြီး စာမေးပွဲနောက်ကျရတယ်....မကောင်းတဲ့လူ။"

"ဟီးဟီး "

-သွားဖြဲပြနေသော yeonjunကို soobinကြည့်မရ၍ ရိုက်လိုက်သည်။ သို့သော် ရှောင်ထွက်သွားတဲ့ yeonjunကြောင့် သူသာလွဲခဲ့ရသည်။ မကျေနပ်၍လည်း ထွက်ပြေးသူနောက်ပြေးလိုက်ရတော့သည်။ -

Forever[Completed]Where stories live. Discover now