The Story of First Love

Start from the beginning
                                    

" ထယ်ယောင်း...မြေးလေး!  မင်းသူငယ်ချင်းတဲ့ကောင်မလေးတစ်ယောက်ရောက်နေတယ်"

" ဗျာ!...ဘာပြောလိုက်တာလဲအဖိုးကျနော်မကြားလိုက်ဘူး "

ရူးကြောင်ကြောင်စတော်ဘယ်ရီသီးကြောင့်အသံတုန်ရင်နေတဲ့သူ့စိတ်ကိုပြန်ထိန်းလိုက်သည်။

အဖိုးကတော့သူ့ သူငယ်ချင်းဆိုသူရောက်နေကြောင်းလှမ်းအော်၏

ဂျွန်ဂျောင်ကုကလွဲလို့သူငယ်ချင်းမရှိတဲ့သူ့ဆီကိုဘယ်သူများရောက်လာသနည်း။

သိချင်စိတ်ကြောင့်လှမ်းကြည့်တော့ အဖိုးဘေးနားကနေစက်ဘီးလေးကိုင်ထားရင်းလက်လှမ်းပြနေတဲ့ယူဂျင်းကိုတွေ့ရသည်။

ယူဂျင်းကသူ့ဆီကိုဘာလာလုပ်တာပါလိမ့်

" အော ယူဂျင်းနင်ကဘလိုလုပ်ပြီး...? "

" နင့်ကိုတွေ့ချင်လို့လိုက်လာတာလေ ကျောင်းပိတ်ကတည်းကမတွေ့ရဘူးမလား"

" အင်းအဲ့လိုဆိုပေမယ့် ငါ့အိမ်လိပ်စာကိုနင့်ကိုမပြောပြမိဘူးထင်တာဘဲ"

တကယ်လဲမပြောပြမိသလိုရင်းနှီးတဲ့ဆက်ဆံရေးမရှိတဲ့ယူဂျင်းနဲ့က မေးထူးခေါ်ပြောအဆင့်သာ

" ငါကအတန်းခေါင်းဆောင်လေ ဒါလေးသိတာအံ့သြစရာမရှိပါဘူး "

" အင်း...ငါမေ့သွားတာ"

" ကဲ သူငယ်ချင်းနှစ်ယောက်အပြင်လေးဘာလေးသွားကြပေါ့ မြေးမလေးရဲ့သူငယ်ချင်းကကျောင်းပိတ်ကတည်းကအပြင်မထွက်တာရယ် နှစ်ယောက်သားအပြင်ထွက်ကြအဖိုးမုန့်ဖိုးပေးလိုက်မယ်"

သူ့ကိုအပြင်ထွက်ခိုင်းဖို့တက်ကြွနေတဲ့အဖိုးက အနွေးထည်တွေသေချာဝတ်ပေးလိုက်ကာကလေးတစ်ယောက်လိုလေအရမ်းမတိုက်ခံဖို့နဲ့မုန့်ဖိုးတစ်ချို့ကိုလက်ထဲထည့်ပေးလာ၏

ယူဂျင်းကတော့သူတို့မြေးအဖိုးပုံစံကိုကြည့်ပြီးခပ်အုပ်အုပ်သာရယ်သည်။

" မျက်နှာကြီးဆူပုတ်မနေနဲ့ နည်းနည်းပါးပါးပျော်အောင်နေပါ အဖိုးရဲ့မြေးလေးထယ်ယောင်းကိုပြန်လိုချင်တယ် "

ဘာအဓိပယ်လဲမသိပေမယ့်အဖိုးစိတ်ချမ်းသာအောင်သူ့စက်ဘီးလေးယူရင်းအပြင်ထွက်ဖို့တာဆူရသည်။

The story of first love ( Completed) Where stories live. Discover now