ခနလောက်အံ့အြမှင်သက်သွားရသည်။
ယောကျာ်းတစ်ယောက်အတွက်မသင့်လျော်သော စကားစုဖြစ်သော်ငြား ကောင်ငယ်လေးသည် လှပသော ပန်းတစ်ပွင့်နှင့် အလားတူသည်။
ဒေစီဖြူလေးလိုမျိုး...
အပြစ်ကင်းစင်ပြီး လှပနေလိုက်တာ..."အဟမ်း"
သူအကြာကြီးစိုက်ကြည့်သွားမိလို့ထင်ပါရဲ့။ ကောင်ငယ်လေးရဲ့ ပါးပြင်ပေါ်မှာ ခုနကလေးတင် သူဖြတ်လာခဲ့တဲ့ နီနီဆွေးဆွေး နှင်းဆီပန်းခင်းကြီးရောက်နေသလိုပါပဲ။
"ခုနက မိတ်ဆွေအတွက် စိတ်အနှောင့်အယှက်ဖြစ်စေခဲ့ရင် တောင်းပန်ပါတယ် ကျွန်တော်က ဒီမှာဘယ်သူမှမရှိဘူးထင်မိလို့"
"အိုး အခုလိုပြောပေးတာ ချီးကျုးစရာပါပဲ တကယ်တော့ မင်းလွတ်လွတ်လပ်လပ် ရင်ဖွင့်နိုင်ပါတယ်"
ဒါကိုတော့ ဘယ်လိုပြောထွက်မိသွားတယ်မသိ။
စကားလွန်ပြီးမှတော့ နားထောင်ရတော့မည်ပေါ့။"မိတ်ဆွေ တကယ်ပြောတာလား?"
"ကိုယ်က အဲ့လိုလိမ်ညာမဲ့သူမဟုတ်ပါဘူး ပြီးတော့ ကိုယ့်နာမည်က J"
"J? မဟုတ်မှလွဲ တော်၀င်မင်းသားလား!"
"မင်း...ဘယ်လို"
"မင်းသား PARK JAY ရဲ့ ငယ်နာမည်က Jလေ
ပြီးတော့ အဲ့ဒါကို တခြားသူမှသုံးခွင့်မရှိတာ"/N:ဒါကထိုခေတ်ကာလ ထိုနိုင်ငံ၏ စည်းမျဉ်းတစ်ခုဖြစ်တယ်။ မင်းညီမင်းသားတစ်ပါးရဲ့ တော်၀င်မျိုးနွယ်တွေရဲ့ အမည်နာမနဲ့ မင်းကဆင်တူနေခွင့်မရှိဘူး။
ဒါကြောင့် Jungwonက သူဟာတော်၀င်မင်းသားမှန်းခွဲခြားနိုင်ခြင်းသာ ဖြစ်တယ်။/"အိုး ကိုယ် ဒီအချက်ကိုမေ့သွားတယ် မင်းက အံ့အားသင့်စရာကောင်းလောက်အောင် ညဏ်ရည်ထက်မြတ်နေတာပဲ"
"မဟုတ်တာ အရှင် ကျွန်တော်မျိုး ရိုင်းပျမိတာဗွေ မယူပါနဲ့"
ဂျေးက နှုတ်ခမ်းတစ်ဖက်ကို ကော့ညွှတ်ကာ ပြုံးလိုက်တယ်။ ပြီးတော့ခေါင်းရမ်းတယ်။
"မင်းကရော ကိုယ့်ကို ဒီလိုပဲဆက်ဆံမှာလား"
"ဗျာ"