The Story Of First Love

Začať od začiatku
                                    

ချစ်တယ်ဂျွန်ငါစောင့်နေတာကိုသိတယ်မလား*

အဝါရောင်စာရွက်ကလေးကိုသေသပ်စွာခေါက်ရင်း သူ့မုန့်ဖိုးနဲ့ဝယ်ထားတဲ့ပန်းရောင်စာအိတ်ကလေးထဲသေချာစွာထည့်လိုက်သည်။

အိမ်အောက်မှာအဘရဲ့သတိပေးသံကလည်းမကြာခန​ကြားနေရပြီမလို့အမြန်ပြေးဆင်းကာ အဘရဲ့လွယ်အိတ်ထဲကို သူ့စာထည့်လိုက်ပြီးစာတိုက်ကိုပို့ပေးဖို့ဂျီကျနေ၏

" အဘိုး သေချာရောက်အောင်ပို့ပေးအုံးနော် ကျနော့်မုန့်ဖိုးလေးတွေပါသွားတာသိတယ်မလား "

" မုန့်မစားဘဲပေါက်ကရတွေလုပ်နေတယ်ဒီကလေးတော့ ။ အခန်းထဲအောင်းမနေဘဲအပြင်ထွက်အုံးနော် ကျောင်းပိတ်ကတည်းကငြိမ်နေတာမလား "

" အပြင်ထွက်ပြီးဘာလုပ်ရမှာလဲအဖိုးရဲ့ ကျနော်မှာတာကိုသာသေချာပိုးပေးပါဗျာအရေးကြီးတယ်ဆို "

" အင်းဂျီကျမနေနဲ့တော့ဒီအဖိုးကသေချာပို့ပေးမယ်ဟုတ်ပြီလား ကဲသွားအိမ်ထဲဝင်ချေတော့လေစိမ်းတွေတိုက်နေတယ် "

အဖိုးစကားကိုတက်ကြွစွာဘဲ ဟုတ် တစ်လုံးတည်းဆိုကာအခန်းထဲပြန်ဝင်လာခဲ့သည်

မိုးစက်တစ်ချို့စင်နေတဲ့မှန်တခါးကိုကြည့်ကာ ကလေးသဖွယ်အာငွေ့ပေးရင်း Jeonဆိုတဲ့နာမည်လှလှအားရေးလိုက်၏

အပူငွေ့ပြယ်သွားတဲ့အခါသူရေးထားတဲ့ဂျွန်ဆိုတာလေးပျောက်ကွယ်သွားတာကြောင့်နှုတ်ခမ်းလေးကဆူခနဲ

အဖိုးထွက်သွား​ပြီ​ဖြစ်တဲ့ပုံရိပ်ကလေးကိုအခန်းကနေတစ်ဆင့်ငေးကြည့်မိတော့ ဂျွန်နဲ့ရယ်မောခဲ့တဲ့ပုံရိပ်တွေကထိုလမ်းမပေါ်မှာအပြည့်

အမြတ်တနိုးနမ်းလေးရှိတဲ့ ထိုအနမ်းဖွဖွတွေရဲ့အနွေးဓာတ်ကလည်းတဖြည်းဖြည်းပျောက်ကွယ်လာရင်း ရင်းနှီးတဲ့ထိုအနမ်းတွေကပါသူနဲ့စိမ်းသက်လာလေသည်။

တိကျမှု့မရှိတဲ့စောင့်ဆိုင်းခြင်းက ဘယ်အချိန်ထိရှည်ကြာအုံးမှာလဲဂျွန်

စောင့်ဆိုင်းနေရသူကိုအားနာသဖြင့် အချိန်တွေကိုရစ်ပြစ်ချင်မိတယ် သို့ပေမယ့်ငါဟာအစွမ်းတွေရှိမနေပြန်ဘူး ။

The story of first love ( Completed) Where stories live. Discover now