Never (ဘယ်တော့မှ) - 31

Start from the beginning
                                    

"ကျန့်ကော"

ရိပေါ်ခေါ်တော့ လှည့်ကြည့်ပါတယ် အငိုမျက်လုံး အပြုံးမျက်နှာနဲ့ ကျန့်ကောရဲ့အပြုအမူတွေက သူ့ကို အရမ်းပဲ စိတ်ထိခိုက်စေတယ်

"ရတယ် ရိပေါ် အရမ်းမိုးချုပ်နေပြီ ငါအရမ်းလည်း ပင်ပန်းနေပြီ ငါအိပ်တော့မယ် မင်းပြန်ဖို့ရာ ခက်ခဲနေရင် မင်းအခန်း ရှိတယ်
အရင်အတိုင်း ပဲ ဝင်နားသွားပြီး မနက်စောစောစီးစီး ပြန်လိုက်နော်"

"ကျန့်ကော ကျွန်တော်........."

"ရတယ် ငါ နည်းနည်း ဘာဖြစ်လို့လဲမသိပါဘူး စိတ်ကူးထားတာနဲ့ ဖြစ်သွားတာတွေ အရမ်းကွာခြားသွားလို့ ပါ နက်ဖြန်တစ်ရက်ခွင့်ယူပြီး နားလိုက်မယ် ၁၇ရက်နေ့ပွဲအတွက် ငါရှိမှာပါ စိတ်မပူနဲ့ ငါ Neverလေးကို လည်း ဘယ်သူနဲ့မှ မထားခဲ့နိုင်ဘူး ငါ့နာရေးကိုလည်း မင်းကိုလည်း မလာခိုင်းဘူး ဒါကြောင့် စိတ်မပူနဲ့ ဒီထက်ဆိုးတဲ့အခြေအနေတွေတောင် ဖြတ်သန်းခဲ့ပြီးပြီပဲ စိတ်မပူနဲ့ ဒါတွေ အားလုံးပြီးသွားမှာပါ
နားလိုက်တော့"

ရိပေါ်ကို စိတ်မပူအောင် ပြောပြီး ကိုယ့်အခန်းထဲကိုယ် လာခဲ့လိုက်ပါတယ် ရိပေါ်ရဲ့ အော်သံတွေက သူ့ကို သွေးပျက်စေတယ် ကိုယ့်ကို ရိပေါ်က မလိုချင်တော့ဘူးဆိုတဲ့အသိက သူ့ရဲ့စိတ်တွေကို အကုန်လုံးကို ချွန်းအုပ်လိုက်သလိုပါပဲ အသိတရားက ဝင်လာတာနဲ့အမျှ ကိုယ့်ကိုလည်း ပြန်သုံးသပ်ကြည့်လိုက်တော့ ရိပေါ်က သူများအမြင်မှာ လူပျိုနုနုထွတ်ထွတ်လေး သူက ကလေးအဖေတစ်ခုလပ် အဲဒါတွေ ချန်ထားလိုက်ရင်တောင် သူက ဒီလိုပဲ သာမန် ဒီဇိုင်းနာ တစ်ယောက် ရိပေါ်က ပြည်သူချစ်အနုပညာရှင်လေ အများကြီး ကွာခြားနေတာ တားထားတဲ့ စည်းတွေ အဲဒီလောက်အများကြီးကို အရင်က ချစ်သူတွေ ဆိုတဲ့အကြောင်းပြချက်တစ်ခုတည်းနဲ့ သူက ရိပေါ်ကို ပြန်ရယူလို့မှ မရတော့တာ မရတာထက် ရိပေါ်က မလိုချင်တော့တာလေ စိတ်လျော့သင့်ပြီလို့ ကိုယ့်ကိုကိုယ် အသိပေးရင်း အိပ်ရာထက်မှာ အိပ်ပျော်အောင် ကြိုးစားလိုက်ပါတယ် ဒါပေမယ့် ဝမ်းနည်းစိတ်ကြောင့် တသိမ့်သိမ့် ရှိုက်ငိုမိတယ်

NeverWhere stories live. Discover now