တုန့်ပြန်မှုမပြုနိုင်အောင် ဆောင်းဟွန်းခဏတာတိတ်ဆိတ်သွားသည်..  ဖန်ခွက်ကိုကိုင်ထားတဲ့လက်တွေကဖြူဆုပ်လျက်..အောက်နှုတ်ခမ်းကိုသတိမမူမိပဲအကြိမ်ကြိမ်ကိုက်ခဲနေမိတဲ့အထိ ဆောင်းဟွန်းအတွေးတွေယောက်ယက်ခတ်သွားသည်..။ အသုံးချခံသက်သက်လို့အီသန်ပြောဖူးတာကိုသတိရမိတော့ အလိုလိုနေရင်း မျက်ရည်ဝဲသွားသည်.. ပျော့ညံ့ခြင်းမဟုတ်ပေမဲ့ယောကျာ်းတစ်ယောက်က ဒီလောက်ထိမာနမရှိပဲနေခဲ့ရလျှင်တော်လောက်ကျရောပေါ့...။

အကြိမ်ကြိမ်အခါခါစော်ကားခံနေရတော့ နှလုံးသားကမာကြောနေရင်တောင် အစိုင်အခဲတွေမရှိတော့လောက်အောင်တိုက်စားခံနေရပီးပီ..။

ပတ်ဝန်းကျင်ဆိုတဲ့အရာကို ဆောင်းဟွန်းကထည့်တွေးတတ်တဲ့အရွယ်ရောက်နှင့်နေပြီမို့ ဒီအခြေအနေကိုဘယ်လိုဖြစ်လာမလဲဆိုတာကိုကြိုတွေးနှင့်ပြီးပြီ.. သက်ပြင်းကိုခခလေးချရင်း ဆံနွယ်ဖြူဖြူတွေကိုသပ်လိုက်တဲ့အခါ လက်မောင်းရင်းက အောင့်ခနဲ..

လျစ်လျူရှုပစ်လိုက်ရင်း...

" မမအဆင်ပြေတယ်ဆိုရင် ပြန်လဲကြတာပေါ့...ဒါပေမဲ့ လောလောဆယ်တော့ ကျွန်တော်ပြန်ရတော့မယ်... အီသန်လာကြိုနေပီထင်တယ်.."

" အီဟီဆွန်းကမင်းကိုကျောင်းကြိုတယ်ပေါ့.."

" အင်း...အကြိုအပို့လုပ်ပေးတယ်.."

" အင်းပေါ့...ငါ့မျက်နှာရှိသေးတာကိုး....နောက်ပီး အီသန်..."

" အီသန်ကအဲ့လိုခေါ်ပါလို့ပြောထားလို့..သွားတော့မယ်...ဟိုမှာလာနေပီ...နောက်မှတွေ့မယ်နော်..."

ဆောင်းဟွန်းလွယ်အိတ်ကိုဆွဲကိုင်လိုက်ရင်း ဆိုင်ထဲကခပ်သုတ်သုတ်ပြေးထွက်လာခဲ့သည်.. ကားက ဆိုင်ကိုကျော်ကာ ကျောင်းရှိရာဘက်ကိူဦးတည်နေပေမဲ့ပြေးလိုက်လာတဲ့ ဆောင်းဟွန်းကိုမြင်ပုံရသည်..တုံ့ခနဲရပ်တန့်သွားတဲ့ကားကြောင့် ဆောင်းဟွန်းရေးရေးလေးပြုံးလိုက်မိသည်..။

" ဘယ်တွေသွားနေတာလဲ..."

ခါးပတ်ကိုဆွဲယူလို့ သေချာပတ်ပေးနေတဲ့အီသန့်ကြောင့် လွယ်အိတ်ကိုနောက်ခန်းမှာလှမ်းထားရင်း

𝑨𝒍𝒍 𝑰 𝑵𝒆𝒆𝒅 𝑰𝒔 𝒀𝒐𝒖 // 𝑯𝒆𝒆𝒉𝒐𝒐𝒏Where stories live. Discover now