Tour က Soul မှာအရင်။ ပြီးရင် ဘန်ကောက်၊ ဂျကာတာ၊ ရန်ကုန်၊ တိုကျို၊ စင်ကာပူသဖြင့် ​အရှေ့တောင်အာရှတွင်ပတ်ရမည်ဖြစ်သည်။ ပြီးမှအနောက်တိုင်းဘက်။ ကိုယ်တွေကိုသောက်သောက်လဲကြိုနေသူတွေရှိသည်နှင့်အညီ ကိုယ်တွေဘက်ကလည်း အကောင်းဆုံးပြန်ပေးဆပ်ရတော့မည်။

"ဖြောင်း ဖြောင်း ဖြောင်း"

မှန်လုံအခန်းထဲတွင် လက်ခုပ်သံတစ်ချက်က ပဲ့တင်သံကျယ်ကျယ်ဖြင့်ထွက်လာသည်။

"အားလုံးနားကြဉီး"

ဇေက ရေဗူးအကတ်လိုက် သယ်လာပေး​ထားသည်။ ရေကုန်ရေခမ်းလေ့ကျင့်ထားကြသည်မို့ အားလုံးမောဟိုက်နေကြကာ ရေကိုအလုအယက်သောက်ကြသည်။ ဇေက ရေတစ်ဗူးအဆင်သင့်ဖွင့်ပေးကာ ညီညီ့ကိုပေး၏။

"သြော်....တို့ဘဝတွေများ ရေဗူးတောင်ကိုယ့်ဘာသာဖွင့်ရတဲ့ဘဝ"

"ရေဗူးအဆင်သင့်ဖွင့်ပေးမယ့်သူ တစ်ယောက်လောက် လိုချင်လိုက်တာကွာ"

တစ်ယောက်တစ်ပေါက် စကြ၍ ညီညီတို့နှစ်ယောက် ရှက်ပြုံးပြုံးမိသည်။ ညီညီတို့ ပူပူနွေးနွေးချစ်သူနှစ်ယောက်က တစ်ဉီးကိုတစ်ဉီးဂရုတစိုက်ရှိကြသည်။

ချစ်သူဘဝက နှစ်ယောက်စလုံးအတွက် အနည်းငယ်အနေတောင့်သေးသော်လည်း ချစ်မေတ္တာတွေက အစစ်တွေချည်း။
တစ်ခန်းတည်းအတူပြန်အိပ်သည်။ ညဆိုဇေ့ရင်ခွင်ထဲမှာ မြုပ်နေအောင်နေသည်။ ဇေ့ပါးကိုခဏခဏနမ်းသည်။ ဇေနှင့်လည်း ခဏခဏအကြင်နာပေးဖြစ်သည်။ ဘယ်သွားသွားဘာလုပ်လုပ် တစ်ယောက်ကိုတစ်ယောက်ဉီးဆုံးတိုင်ပင်ဖြစ်သည်။ တန်ဖိုးကိုသိ​၍ တန်ဖိုးထားခြင်းလည်းဖြစ်ပါသည်။

"ငါ့လိုဖြစ်ချင်ရင် ငါ့လိုရှာပေါ့"

ညီညီခပ်ကြွားကြွားလေးပြန်ပြောလိုက်သည်။

"မောနေပြီလား။ သီချင်းသစ်ရဲ့ကကွက်တွေရော လိုက်နိုင်ရဲ့လား"

"ဒါပေါ့ ဘယ်သူမို့လို့လဲ။ Main Dancer ဂုဏ်ရည်ညီညီပဲဟာ"

"ဟုတ်ပါပြီကွာ။ ကြီးမှုံကတောင် ဘယ်တော့ပြန်လာမလဲတဲ့ မေးနေတယ်"

"ငါလည်းလွမ်းလှပြီ။ ဇေ့ ငါတို့မင်္ဂလာဘယ်နှစ်ခါဆောင်ကြမလဲ"

IDOLWhere stories live. Discover now