ဂလောက်...။

"ဟဲ့...သားလေး...Binnie!!
ရရဲ့လား သား....နှလုံးအောင့်နေလို့လား။
အဒေါ်ဆေးသွားယူပေးမယ်နော်။ "

-သူ့ကို ထိုင်ခုံမှာထိုင်ခိုင်းသွားပြီး အပေါ်ထပ်ခန်းထဲက သူ့ဆေးဘူးလေးကို သွားယူပြီး တိုက်လာသည်။ သူလည်း အဒေါ်အီပေးတဲ့ဆေးကို တုန်တုန်ယင်ယင်နဲ့ယူပြီးမှ ပါးစပ်ထဲထည့်လိုက်သည်။ တစ်ခါတည်းရေနဲ့ပါမျှောချလိုက်သည်။ အသက်ရှူကတော့ပုံမှန်မဖြစ်သေး....တစ်ခါတစ်ခါ မြန်လာသည်၊ ပြီးကျရင် ချက်ချင်းပြန်နှေးသွားသည်။ နာရီဝက်လောက်နေမှသက်သာသွားသည်။ အဒေါ်အီကိုမှီကာ ငြိမ်ငြိမ်လေးထိုင်နေရသည်။ -

"သက်သာရဲ့လား binnie"

-သူခေါင်းလေးလှုပ်ပြလိုက်ပြီး အဒေါ်အီကိုဖက်ထားလိုက်သည်။ -

"အပြင်သွားမလို့လား။
အရေးမကြီးရင်မသွားပါနဲ့လား သားရယ်။ "

"ရတယ် အဒေါ်အီ။
Final examနီးပြီဆိုတော့ စာကကျက်မှဖြစ်မှာ။ "

"စာလုပ်တာလည်း လုပ်တာပေါ့ သားရယ်။
ကျန်းမာရေးလည်းဂရုစိုက်ဦး....မင်းအခြေအနေမင်းသိရဲ့သားနဲ့ကွယ်...."

"ခုနကအကြောင်းကို taehyunတို့ kaiတို့ကို မပြောပြနဲ့နော် အဒေါ်အီ။ သူတို့က အကဲပိုတဲ့ကောင်တွေ။ "

"သားကိုစိတ်ပူလို့ပေါ့ကွ။
မင်းအမေမဆုံးခင်ကဆို မင်းကိုဘဲစိတ်မချဖြစ်နေရတာနဲ့ သူ့မှာ အလုပ်တောင်ဖြောင့်ဖြောင့်မသွားနိုင်ဘူးလေ။ အဒေါ်လည်း အဲ့လိုဖြစ်နေရပြီ..."

"သားက ကလေးမဟုတ်တော့ဘူး။ ကိုယ့်ဘာသာကို စောင့်ရှောက်နိုင်ပါတယ် ။ "

"ကလေးမဟုတ်လို့ပြောနေရတာပေါ့....။
မင်းကဖြစ်လိုက်ရင် အသည်းအသန်ဘဲလေ။
ဘယ်တော့မှ ခဏနဲ့ပျောက်သွားတာမဟုတ်ဘူး။ "

"ဟီးဟီး.... အခုဒီမှာကြည့်လေ။
အကောင်းကြီးဘဲမလား။ "

"အေးပါ...သားသက်သာရင်ဘဲ အဒေါ်ဝမ်းသာလှပြီ"

"Nae...."

"Soobinရေ....ငါရောက်ပြီ။ "

-taehyunအသံကြားလိုက်ရလို့ အဒေါ်အီကိုနှုတ်ဆက်ကာ အိမ်ရှေ့ထွက်လာလိုက်သည်။ -

Forever[Completed]Onde histórias criam vida. Descubra agora