ဇာတ်လမ်းမိတ်ဆက်

Start from the beginning
                                    

"အင်း!.ဟင်! အွန့်..."

ရုတ်တရက်သူက ခေါင်းငုံ့လာတာကြောင့် ထိကပ်သွားသည့်နှုတ်ခမ်းနှစ်စုံ။
သူမမျက်လုံးတို့ပြူးသွားရ၏။

ဒီလူ ဘယ်လိုdramaတွေလာချိုးနေတာလဲ။

✿⁠............✿⁠...........✿⁠

"အကယ်၍ မင်းတို့နှစ်‌ယောက် လက်ထပ်ဖြစ်ခဲ့ကြရင်ရော "

"ရူးနေလား..."

အနှစ်က အလန့်တကြားငြင်း၏။ ငြင်းသင့်တာပဲလေ။ ဒါကလုံးဝမဖြစ်နိုင်တဲ့ ကိစ္စကြီး။

"အကယ်၍လို့...ဘယ်လိုဖြစ်မလဲ သိချင်လို့ အနှစ်ကို တစ်ကယ်မယူခိုင်းပါဘူး"

"ဘယ်လိုမှမဖြစ်နိုင်ဘူး ငါ့မှာ စံထားတဲ့ယောက်ျားလေးရှိပြီးသား "

"ဘယ်လိုလဲ..."

"ဘယ်လိုပဲဖြစ်ဖြစ် ကင်းနဲ့တော့ မဖြစ်နိုင်ဘူး...ငါကလေ သူ့လိုလူမျိုးကိုတော့ သေတောင်မယူဘူး အကျင့်စရိုက်ကအစ မျက်နှာနဲ့အလိုက် အကြောကြီးတဲ့သူ မိန်းကလေးနဲ့လည်းပြိုင်ပြောသေးတယ် ပြီးတော့...သူက ငါ့ရဲ့စံပုံစံလုံးဝမဟုတ်ဘူး"

ထင်ရှားက ခွီးခနဲရယ်၏။

"ငါကလည်း မင်းကို ယူချင်လွန်းလို့...မင်းကိုယူမဲ့အစား ငှက်ပျောပင်ကို ယူတာမှ ပိုကောင်းဦးမယ်...အေးချမ်းတာပေါ့ "

✿⁠............✿⁠...........✿⁠

မာနကြီးပြီး မာန်တက်နေတဲ့ ကင်းကြီးက အနှစ်သာရနဲ့တွေ့ရင် အချေခံရတာများပါတယ်။

ဘယ်လိုပြောရမလဲ အနှစ်နဲ့တွေ့ရင် သူ့ပုံစံပျောက်ပြီး မစဉ်းစားထားတဲ့လုပ်ရပ်တွေလုပ်နေမိတော့တာပဲ။

စက်ဝန်းအလွန်ဆိုတဲ့ကင်းမှမဟုတ်၊ အနှစ်သာရဘက်ကလည်း ထိုနည်း၎င်းပါပဲ။

✿⁠............✿⁠...........✿⁠

သူငယ်ချင်းကိုရှာချင်လို့ မြန်မာနိုင်ငံကို ပြန်လာခဲ့တဲ့ စက်ဝန်းနဲ့ ရိုးရှင်းပြီး မာနကို ဒိုင်းကာတစ်ခုအဖြစ် ကိုင်ဆောင်ထားတဲ့ အနှစ်တို့ရဲ့အချစ်ဇာတ်လမ်း...

မာနကိုလက်ကိုင်ထားတဲ့သူတို့နှစ်ယောက်က ဘယ်လိုချစ်ပြီး ဘယ်လိုတွေစခန်းသွားကြမလဲဆိုတာ ဖတ်ရှုရမှာဖြစ်ပြီး စက်ဝန်းရဲ့အတိတ်၊ အနှစ်ရဲ့အတိတ်က ဘယ်လိုဆက်နွယ်နေမလဲဆိုတာပါ ဖတ်ရမှာပါ။

နှလုံးသားနီးနီး...စည်းပါးပါး(Love And Pride)[Completed]Where stories live. Discover now