"သွားကြမယ်..."

"ခဏ...ခဏနေပါဦး ။ "

"ဘာလည်း..."

"Mask...."

-ပေးလာသော maskအမဲကိုတပ်ကာ သူတို့စီနီယာအဆောင်ဆီဦးတည်တော့လေသည်။ အချိန်အားဖြင့် ည1:00။ ထိုအချိန်က yeonjunတို့ အိမ်လိုက်ရှာနေချိန်။ -

Felix POV:

-အခန်းသန့်ရှင်းရေးလုပ်ပြီး ပါမောက္ခမိုနဲ့ အလုပ်ကူလုပ်ပြီး အိမ်ပြန်တော့ 1:00။ ပြန်ခါနီး လမ်းတဝက်တွင် သူ့အရှေ့မှဖြတ်သွားသော Kaiနဲ့ Hyunjinကိုတွေ့လိုက်သည်။ စီနီယာဆောင်ဘက်ကို တန်းတန်းမတ်မတ်သွားနေသည်။ -

"အဲ့ဘက်မှာ final yearတွေဘဲရှိတော့တာကို... "

-သူလည်း သိချင်ဇောနဲ့ နောက်ကနေလိုက်သွားခဲ့သည်။ -
.
.
.
Kai POV:

-kaiနဲ့ hyunjinလူရှိသော ပထမထပ်ကိုကျော်ကာ ဒုတိယထပ်က လူခုန်ချသည်ဟူသောအတန်းကို သွားကြည့်လေသည်။ ညဘက်မလို့ မီးတွေလည်းပိတ်ထားပြီး မှောင်မဲနေသည်။ -

"Hyung
အရှေ့ရောက်ရင်ရောက်ပြီ..."

"သွားကြမယ်..."

"နေပါအုံး... ရောက်မှတော့ ဝင်ကြည့်ကြရအောင်"

-ပြန်လှည့်ရန်ပြင်နေသော စီနီယာကို ပြန်ဆွဲထားရသည်။ -

"Kai....
မ...မသွားရင် ကောင်းမယ်နော်။ "

"လာပါ..."

"မသွားနဲ့တော့...."

"ကျစ်...စီနီယာကကြောက်တတ်လိုက်တာ။ "

"အော်...မင်းအရှေ့ကို ကြည့်...."

-kaiရဲ့ခေါင်းကို စာသင်ဆောင်ဘက်မှ လျှောက်လမ်းဘက်သို့တည့်တည့်လှည့်ပေးလိုက်သည်။ သူတို့ကျောင်းရဲ့အရင်uniformနဲ့ ဆံပင်အဖြောင့်ကို ချထားသော မိန်းကလေးတစ်ယောက်။ -

"အားးးးးး.....သရဲ....."

-ကြောက်လန့်တကြား ​ဘေးနားက စာသင်ဆောင်ထဲသို့ပြေးဝင်သွားခဲ့သည်။ hyunjinကတော့ နောက်လှည့်ပြေးပြီး လှေကား ဘေးအတန်းထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားခဲ့သည်။ ဖုန်းကိုတော့ ပြေးရင်းလွှတ်ပစ်ခဲ့သည်။ -

Forever[Completed]Where stories live. Discover now