"တဝက် တဝက်စီပေါ့။
ဒါနဲ့ ဘာလို့မေးတာ""ဟိုနေ့က လိုင်းပေါ်မှာ ကျွန်တော်တို့ကျောင်းရဲ့ သရဲအကြောင်းနဲ့ပတ်သက်ပြီးတက်လာလို့....။ "
"ဘယ်လို...."
"ဟုတ်တယ်.... final yearsတွေရဲ့ အဆောင်အပေါ်ဘက်မှာ အရင်တုန်းက ခုန်ချဖူးတဲ့လူရှိတယ်တဲ့။ "
"အာ....အဲ့ဒါကိုး....။ "
"စီနီယာကသိတယ်ပေါ့..."
"အွန်း....
ပထမနှစ်လေးတွေကိုခြောက်ကြပြန်ပြီ။ hyungတို့လည်း ပထမနှစ်တုန်းက ဒီလိုဘဲ.... စီနီယာတွေစတာခံရတယ်။ နှစ်တိုင်းပြောနေကြဆိုတော့ တကယ့်ဇာတ်လမ်းလိုဖြစ်လာရုံပါ။ ""အဲ့ဒါက ဘယ်လိုဖြစ်တာလဲဟင်"
"ပြောကြတာကတော့ စီနီယာအစ်မတစ်ယောက်က သူတို့စာသင်ဆောင်ပြတင်းပေါက်ကနေပြီး အပြင်ဘက်ကိုခုန်ချသွားတာတဲ့။ အဲ့စီနီယာက သူ့ရည်းစားကသစ္စာဖောက်သွားလို့တဲ့...."
"Wow.....
ကြက်သီးထစရာကြီး ။ ""ကြောက်ရင်ဆက်မပြောနဲ့တော့..."
"သွားကြရအောင်.... "
"ဟင်...."
"ဒီညသွားကြရအောင်လို့...အဲ့စီနီယာအဆောင်ကို"
"သေချာမှလုပ်ပါကွာ...."
"ကျွန်တော်Kaiပါဗျ...။
မသေချာရင် ဘာမှမလုပ်ဘူး။ ""မသွားရဘူး...."
"လုပ်ပါ....သွားကြမယ်လေ...နော်"
"ဒီည အဲ့ဘက်အဆောင်တွေမှာ အချိန်ပိုရှိတယ်ကြားတယ်။ လူတွေရှိတယ်။ သိရင် ကျောင်းအုပ်ဆီရောက်မှာ။ "
"မသိအောင်သွားရမှာပေါ့....နော်....နော်...."
"ပြီးမှ ကြောက်တယ်မပြောနဲ့နော်။ "
"တကယ်မရှိဘူးဆို....
ဒီတိုင်းသွားကြည့်ရုံကို...""အင်းပါ....ခဏဘဲနော်။
ကြည့်ပြီးရင်ပြန်လာရမယ်။ ""တကယ်နော်....ရက်စ်"
"အွန်း..."
-စိတ်အားထက်သန်နေသော ဂျူနီယာလေးအား ကူညီရန်ဆုံးဖြတ်လိုက်သည်။ ဘာဖြစ်ခဲ့လည်း သူလည်းသိသည်မဟုတ်လား။ တကယ်တမ်းဆို မသွားစေချင်...။ -
.
.
.
"Hyung....hyunjin hyung ကျွန်တော် ဒီမှာ "
YOU ARE READING
Forever[Completed]
同人小说// အမြဲတမ်း တစ်ဘဝလုံးစာအတွက် ချစ်တယ်။// -Gyu //တောင်းပန်ပါတယ်။ တစ်ဘဝလုံးစာအတွက် တကယ်မချစ်ပေးနိုင်ရင် ကျွန်တော့်ဘဝထဲဝင်မလာသင့်ဘူး။ // -hyun //ချစ်လားလို့ မေးချင်ပေမဲ့ မချစ်မှန်းသိလို့မမေးမိတော့ဘူး။// -Yeon //ချစ်ပါတယ်ဆိုတာကို ပြောပြဖို့ခက်နေတဲ့ကျွန်...
Ep-(12)
Start from the beginning