ချည်မထားသောကြိုး

Start from the beginning
                                    

ဖြစ်နိုင်သည်ပေါ့လေ။ ဒီအရွယ်မှာ၊ အချစ်ကို စပြီး ကိုးကွယ်တဲ့  အရွယ်မှာ၊ မိန်းမတောင် တစ်ယောက်မှ မလုပ်ဖူးတဲ့ အရွယ်မှာ၊ ကိုယ် ချစ်နေတဲ့ မိန်းကလေးက ရည်းစားများသည် (တနည်း  ယောကျာ်းတွေနှင့် အိပ်ဖူးသည်) ဆိုတာကို သိလိုက်ရတော့ ချစ်တဲ့စိတ် ကုန်သွားသည်။ တနည်း စိတ်ပျက်သွားသည်။ ဒါကို အချစ် လို့ ခေါ်၊ မခေါ် နိုင်ထူးတော့ မသိ။ သူများတွေ ပြောသည့် love is love, လိင်ကိစ္စ is လိင်ကိစ္စ ဆိုတာလည်း သဘောမပေါက်။ သူ  သိထားတာက သူနှင့် ချစ်သောသူသည် သူနှင့်သာ အရင်ဆုံး လုပ်ဖူးရမည်ပေါ့။ ဒါနဲ့ စာသင်နှစ်တွေလည်း ကုန်၊ ကျောင်းလည်းပြီး၊  ဘွဲ့လည်း ရတော့ သူမနှင့်လည်း ဝေးခဲ့သည်ပေါ့။ တခါတလေတော့ သတိရသေးသည်။ နိုင်ထူးရဲ့ ရင်ခုန်သံ အဦးဆုံးလေးကိုး။

ပထမဆုံးချစ်သူ  ကျောင်းပြီးသွားတော့၊ အလုပ် စဝင် လုပ်ရပြီပေါ့။ အရင်ဆုံးက ကိုယ်တတ်မြောက်ထားတဲ့ photoshop  လုပ်နည်းလေးနဲ့ပဲ အသက်မွေးရတာပေါ့လေ။ ဘာလုပ်ရတာလဲဆိုရင်တော့ ကြော်ငြာဆိုင်းဘုတ်တွေ လုပ်တဲ့ ကုမ်ပဏီပေါ့။ အဲ့ ဒီမှာ ကြော်ငြာချင်တဲ့ ပစ်စည်းပိုင်ရှင်တွေက လိုချင်တဲ့ အချက်အလက်တွေ ပြောပြတာကို၊ ကိုယ်က ရိုက်ထားတဲ့ ပုံကို ပြင်ပေးရ တာပေါ့လေ။ ကိုယ့်လို လုပ်တဲ့သူက ၅ ယောက် ရှိတယ်။ အလုပ် စဝင်လုပ်ချင်းကတော့ ပင်ပန်းတာပေါ့လေ။ လူပင်ပန်းတာထက်  စိတ်ပင်ပန်းတာက ပိုဆိုးတယ်။ သင်တန်းမှာ တတ်မြောက်ခဲ့တာနဲ့ တကယ် အလုပ်လုပ်ရာမှာ ကွဲပြားတာပေါ့။ စိတ်တွေလည်း ရှုပ် ပေါ့လေ။ ဒီကြားထဲ အချိန်မှီ ပြီးရမယ် ဆိုတဲ့ ဖိအားကလည်း ဖိထားတော့ လူကသာ ထိုင်ပြီး လုပ်ရတာ၊ စိတ်တွေက ကဆုန်ပေါက် ပြေးပဲ။ ကံကောင်းတာကတော့ ဘေးနားမှာ အတူ ထိုင်လုပ်နေတဲ့ ကောင်မလေးကြောင့်ပဲ။

သူမ နာမည်က ဝတ်ရည်။ သနပ်ခါးကို  ပါးပြင် အပြည့်လိမ်းထားသည်။ ထူးခြားချက်က ဆံပင်က တင်ပါးကျော်ကျော် အထိ ရှည်သည်။ ဆံပင်အရှည်ကို အဲ့လောက် မ မြတ်နိုးပေမယ့် သူမနှင့် ထိုနက်ပြောင်နေသော ဆံပင်အရှည်ကြီးက လိုက်ဖက်သည်ဟု ထင်သည်။ တခါတလေမှာ ကျစ်ဆံမြီး ကျစ် ထားတတ်ပြီး ဆံထုံးလိုမျိုး ခေါင်းမှာ ပတ်ရစ်ထားသည်။ တခါတရံကျတော့ ဆံပင်ကို အထွေးလိုက် စုပြီး ရစ်ပတ်ထားတတ်သည်။  အလုပ်လုပ်ချိန်မှာတော့ ဆံပင် စီးထားသော်လည်း အလုပ်မှ အသွားအပြန် ဆိုရင်တော့ ဆံပင်ကို ဖားလျားချထားသည်။ သူမသည်  နိုင်ထူးနှင့် အသက်တူသော်လည်း၊ ကျောင်းတက်နေရင်းနှင့်ပင် ထိုအလုပ်ကို လုပ်နေသောကြောင့် ဆရာ တပိုင်း ဖြစ်နေပြီ။ သူမရဲ့  ဘေးနားမှ လှမ်းကြည့်ကာ သင်ပြပေးမှုကြောင့် အလုပ်ပိုင်းမှာ ကျွမ်းကျင်လာသည်။ ဝတ်ရည်က နိုင်ထူးကို ခေါ်တာက မောင်နိုင်  တဲ့။ ဘယ်ကြောင့် ခေါ်လဲ မေးတော့ နင်က ငါနဲ့ ရွယ်တူပေမယ့် ငါက နင့်ဆရာမလေ ဒီတော့ ဆရာမတွေ ခေါ်သလို မောင်ဆိုပြီး  တပ်ခေါ်မယ် တဲ့။ ထားပါတော့လေ။ သူမကို စတင် စိတ်ဝင်စားနေတော့သည် ဆိုတော့လည်း သည်းခံရမှာပေါ့လေ။

အပြာစာWhere stories live. Discover now