Unicode
" သားတော်လေးကို ဂရုစိုက်ပေးပါ အရှင် "
ယုန်အကြီးအကဲ၏ဇနီးက
ပျော်ရွှင်မြူးတူးနေသော သားတော်လေးကို
ကြည့်ကာ ရိထင်းကိုတောင်းဆိုလိုက်သည်။
ရိထင်း ယုန်ပိစိကိုကြည့်ပြီး
ခိုင်မာသည့်ကတိတစ်ခုကို ပေးလိုက်မိသည်။
မသွား၍မဖြစ်သည့်ခရီးလမ်းကို
သူသွားနေချိန်
ယုန်ပိစိကို မလိုလားသူတွေက
အန္တရာယ်ပေးမှာကို သူကြောက်မိသည်။
အထူးသဖြင့် ကောင်းကင်ဘုံကို
သူမယုံကြည်ဆုံးဖြစ်သည်။
ထို့ကြောင့် မတတ်သာစွာ
ယုန်ပိစိကိုခေါ်ဆောင်သွားဖို့သာ
ဆုံးဖြတ်ခဲ့ရသည်။
ယုန်ပိစိကိုပြောပြလိုက်တော့
ယုန်ပိစိက အပျော်ကြီးပျော်ကာ
နားရွက်တထောင်ထောင်နှင့်
ခုန်ဆွခုန်ဆွပင် လုပ်နေခဲ့သေးသည်။
" စိတ်ချပါ .... ဝူယွီလေးက
ကိုယ်တော့်အသက်ထက်အရေးပါတဲ့သူမလို့
ဘာတွေပဲကြုံလာလာ
ကိုယ်တော်အသက်နဲ့ရင်းပြီး
ကာကွယ်ပေးသွားမှာပါ .... "
" ကျေးဇူးတင်ပါတယ် အရှင် "
ဝူယွီရဲ့မယ်တော်က
ရိထင်းကို ကျေးဇူးတင်စကားဆိုပြီး
ပျော်ရွှင်စွာ ခုန်ဆွခုန်ဆွဖြစ်နေတဲ့
သားတော်လေးကို ထွေးပွေ့လိုက်သည်။
" ဂရုစိုက်ရမယ်နော် ယွီအာ ...
မယ်မယ်တို့ သားတော်လေးကို
နေ့တိုင်းစောင့်မျှော်နေမှာ "
" ဟင့် ... ညီတော် "
ယုန်လေးတွေမှာ
အသည်းငယ်တတ်သူများဖြစ်သည့်အလျောက် ဝူယွီ့အကိုတော်ဝူလျန်မှာလည်း
ညီတော်ကိုဖက်ကာ တအိအိငိုတော့သည်။
အစောက ပျော်ရွှင်မြူးတူးပြီး
ခုန်ဆွခုန်ဆွဖြစ်နေသည့် ဝူယွီလေးမှာ
သူ့မယ်တော်နဲ့အကိုတော်ကိုကြည့်ပြီး
မျက်ဝန်းဝိုင်းဝိုင်းလေးတွေမှာ
ပြိုတော့မည့်မိုးနှယ်
မျက်ရည်လေးတွေ ဥလာတော့သည်။
" ကဲ ... ကဲ ခရီးကနောက်ကျတော့မယ်
သွားကြတော့ !! "
ယုန်အကြီးအကဲက သားမိသုံးယောက်ကို
ဇွတ်ဆွဲခွာပြီး ဝူယွီလေးကို
ဝေါယာဥ်ပေါ်ပစ်တင်လိုက်သည်။
YOU ARE READING
ခြင်္သေ့အရှင်ရဲ့ ယုန်ဖြူလေး🔞🔞🔞( ရပ္နား)
Romance၁၈နှစ်အောက်ကလေးတွေနဲ့ အမှောင်မကြိုက်သူများအတွက် မသင့်လျော်ပါ❌❌❌
