အပိုင်း_၉

Start from the beginning
                                    

ဟေးကျန်းက သူ့သွားများကိုချိုးမိတော့မလိုပင်။ သူ့ကိစ္စကိုစွက်ဖက်လို့ စိတ်ထဲမှကြိမ်ဆဲနေပေမယ့် သူ့မျက်နှာမှာတော့သနားစရာကောင်းသည့်အမူအရာကပေါ်နေဆဲဖြစ်သည်။

“အဲ့တာကျနော့်ရဲ့ သနားစရာကောင်းတဲ့ ဝမ်းကွဲဟေးလင်ပါ။ ကလေးကတည်းက သူကအားနည်းတယ်, ပြီးတော့အခုသူအဖျားရှိနေတယ်။ သမားတော်လီက မြို့ကိုထပ်သွားတယ်လေ၊၊ အကိုချီကဆေးပညာတစ်ချို့နားလည်တယ်လို့ကြားလို့, အဲ့တာကြောင့် သူ့ကိုတစ်ချက်လောက် ကြည့်ပေးလို့ရမလားလို့”

“ဟမ်?” လင်ရှန်းကသူ့လက်များကိုချလိုက်ပြီး, သူ့မျက်နှာပေါ်ရှိအမူအရာကပြောင်းသွားတော့သည်။ “သတိလစ်နေတာလား?”

ဟေးကျန်းကပြက်ရယ်ပြုလိုက်သည်။ ဒီလောက်တောင်စိတ်ပူနေတာကို , သူတို့ကအတွဲတွေမဟုတ်ဘူး လို့ပြောချင်နေသေးတယ်!။

အစကတော့ချီယွဲ့က ဒီလူနှစ်ယောက်၏အဆက်အဆံကိုဘေးဘက်မှကြည့်နေရင်း ပြုံးနေပေမယ့်, ချက်ချင်းပင်သူ့နှုတ်ခမ်းကပြုံးနေခြင်းကို ဟန့်တားလိုက်ကာ, “ခဏလောက်စောင့်ပေး, ငါတစ်ခုခု သွားယူလိုက်ဦးမယ်!”

“ဘာဖြစ်တာလဲ?” ခဏအကြာတွင်,ချီယွဲ့ကသူ့အခန်းကိုပြန်လာတော့, ဝူယွိလန်ကပင်မခန်းထဲတွင် ဖြစ်သည်။ လင်ရှန်းကဆူဆူညံညံလုပ်နေတာဖြစ်သောကြောင့် သူမကထွက်လာပြီး တစ်ချက်လာကြည့်တာဖြစ်သည်။

လင်ရှန်းက ဟေးလင်အကြောင်းသူမကိုပြောပြလိုက်ပြီးနောက်, ဟေးကျန်းကိုပြောလိုက်သည်, “ငါ့ဇနီးနဲ့နောက်ကလိုက်ခဲ့မယ်, ငါတို့ကူညီနိုင်မယ့်ဟာများရှိမလားလို့”

အကယ်၍ချီယွဲ့ကိုယ်တိုင်သာ လိုက်သွားလျှင် တစ်စုံတစ်ယောက်က အဆင်အခြင်မဲ့စွာဖြင့် ကောက်ချက်ချလိမ့်မည်၊၊ သူ့ဇနီးကိုပါခေါ်ပြီးချီယွဲ့နောက်ကလိုက်သွားပြီး, တစ်စုံတစ်ယောက်က တစ်ခုခုပြောရဲမလားဆိုတာကြည့်ရဦးမည်။

ဟေးကျန်းကသူ့ကိုလိုက်မလာစေချင်ပေ, “ဒါ…အကိုစိတ်အနှောက်အယှက်ဖြစ်မှာ ကြောက်…”

“ရတယ်၊၊ ငါတို့နောက်ကလိုက်တာပိုကောင်းလိမ့်မယ်။ မင်းနဲ့ငါ့ညီချီယွဲ့ နှစ်ယောက်တည်း လမ်းလျှောက်နေတာ တစ်ယောက်ယောက်မြင်သွားရင် ကောလဟာလတွေထွက်ကုန်လိမ့်မယ်။ လင်ရှန်းက တိုက်ရိုက်ငြင်းဆိုလိုက်သည်။

ကျေးလက်တောရွာသို့ပြန်ခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now