အဖွဲ့အတွက် ဇေ့ကိုလည်းအလုပ်မထွက်စေဘဲ နောက်ထပ်မန်နေဂျာတစ်ယောက်ငှားခဲ့ပြီး ဇေ့ကိုညီညီနဲ့အနီးကပ်နေစေသည်။

"မေမေ့ကို မြန်မာကလူတွေကအများကြီးချီးကျူးနေကြတယ်နော်"

"​အဟင်း သား Solo ကျရင်လည်းအများကြီး
ထည့်ပေးဦးမှာ"

"သားပဲထင်တာလားမသိ။ မေမေ မြန်မာနဲ့ဖက်စပ်လုပ်တာတွေများလာတယ်နော်။ အရင်ကတော့ အကုန်ပယ်ချနေပြီးတော့"

ထိုအခါ မေမေကပြုံးလေသည်။ အဖြေတစ်ခုအသင့်ရှိနေဟန်။

"ဒါကတော့ မိခင်အတ္တကြောင့်ကိုး"

"ဟင် ဘယ်လို"

"အမေက အနုပညာလုပ်ငန်းလုပ်နေတဲ့သူတစ်ယောက်။ ကိုယ့်သားကလည်း အနုပညာဘက်အထုံပါတဲ့သူဆိုတော့ ပြောရရင်မျှော်လင့်ချက်ကြီးကြီးထားတယ်ပေါ့ကွယ်။ သားစိတ်ကိုသာဖွင့်ပေးနိုင်ရင် တစ်ချိန်မှာ ကမ္ဘာကျော်တစ်ယောက်ဖြစ်လာမယ်လို့ယုံကြည်တဲ့အတွက် ကိုယ့်သားထက်ဘယ်သူကမှစပြီး နိုင်ငံကျော်တာမျိုးမဖြစ်စေချင်ဘူး။ အဟင်း Eagle paved the way ဖြစ်စေချင်လို့ သားပွဲဦးထွက်ပြီးနာမည်အခိုင်အမာရလာပြီး သားကိုယ်တိုင်ပထမဆုံးအကြိမ်လုပ်စေပြီးမှ အမေကမ်းလှမ်းမှုတွေကိုလက်ခံခဲ့တာ။ အဲ့တာကြောင့် မိခင်အတ္တလို့ပြောတာပေါ့။ တကယ်လို့သာ သားကသာအနုပညာဘက်အထုံမပါဘူးဆိူရင် မေမေကလည်းသားအပေါ် အိပ်မက်မက်မှာမဟုတ်ဘူး။ ဒါဆိုဟိုးအရင်ကတည်းက စပြီးလုပ်မှာပေါ့"

မေမေ့စကားကြောင့် ညီညီလှိုက်ပျော်သွားပါသည်။ တကယ်ကိုသားဖြစ်သူရဲ့စိတ်ကို ဖောက်ထွင်းသိနိုင်ပြီး ​နောက်ကနေအမာခံထောက်ပံ့ပေးသည့် အမေကောင်းတစ်ယောက်ပါပင်။

ညီညီ့ဘေးက ညီညီနှင့်အတူနားထောင်နေသည့် ဇေ့ကိုပါ ကျေးဇူးတင်သည့်အကြည့်နှင့်ကြည့်လိုက်သည်။ ညီညီ့ဘက်ကနေမားမားမတ်မတ်ရပ်တည်ပေးခဲ့ကြတဲ့ ညီညီ့ဘဝရဲ့မဏ္ဍိုင်ဖြစ်တဲ့လူတွေထဲကနှစ်ယောက်။

"ကျေးဇူးပါ မေမေ"

"ကျေးဇူးတင်ရင် ပိုကြိုးစား"

"ဟုတ်"

"ဒီနေ့ ဆရာဝန်ဆီသွားရမှာလား"

"ဟုတ်တယ် ဒေါ်ဒေါ်။ ညီညီလည်းစား ပြီးရင်သွားရအောင်"

IDOLحيث تعيش القصص. اكتشف الآن