"မင်း .. ဒါဘာလုပ်တာလဲ .. ဆင်း .. ငါ့ကားပေါ်က"

သူက မမှုပါ ... သူ့ကားသော့ကို ထယ်ယောင်းစီ ပစ်ပေးကာဖြင့်

"ကားလဲစီးမယ် .. မနက်ဖြန် စကိတ်ကွင်းကို ပြန်ယူလာခဲ့"

"အဓိပ္ပာယ်မရှိတာ .. ငါ့ကားကိုသာ ပြန်ပေး"

"အပေါစားကို ဘာမက်နေတာလဲ .. ကျွန်တော့်ကားက မင်းရဲ့ကားထက် ဆယ်ဆတန်တယ်"

"ငါ့ကို "မင်း" လို့ မခေါ်ဖို့ ပြောပြီးပြီနော်"

"ကျွန်တော့်ကိုလဲ "ဂျွန်ဂျောင်ဂု"လို့ မခေါ်ဖို့ ပြောပြီးပြီနော် .. သင်ပေးထားတယ်လေ .. "Jeony" .. "your little jeony" ပါဆိုကွာ .. အဟင်း"

သူ့ကြောင့် ထယ်ယောင်း အတန်းလဲမမှီတော့သလို စိတ်ညစ်လွန်းလှစွာ လမ်းပလက်ဖောင်းပေါ်မှာ ထိုင်ချပစ်လိုက်သည်။

ထယ်ယောင်းရဲ့ပုံကို သူက ကားပေါ်ကနေ စိမ်ပြေနပြေ ပြုံးပြီး ကြည့်ကာဖြင့်

"ငိုတော့မလို့လား .. ငိုလေ ချော့ချင်တယ်"

"မင်းဘာကြောင့် ငါ့ကို အဲ့လောက်ထိ စိတ်ဒုက္ခပေးနေရတာလဲ .. ငါမင်းကို ဘာများ လုပ်မိလို့လဲ .. ငါ့မှာ ဘာအပြစ်ရှိလို့လဲ"

သေချင်လောက်အောင်ကို စိတ်ပျက်မိစွာ မေးလိုက်တော့ သူက အပြုံးကြီးပြုံးသည်။

"ကျွန်တော့်ကို ပြန်မကြိုက်တဲ့အပြစ်"

"လဲသေလိုက် ဂျွန်ဂျောင်ဂု .. မင်းလိုကောင်ကို စိတ်ကူးထဲတောင် မထည့်ဘူး .. ရွံလွန်းလို့"

ပစ်နှစ်နေအောင်ပြောလိုက်ပေမယ့် အကြောခပ်တင်းတင်း သူက မျက်နှာတချက်မပျက်။

"အေးပေါ့ .. မင်းရဲ့ ဆရာဝန်လောင်း ဆိုတဲ့ကောင်နဲ့တော့ ကွာတာပေါ့လေ ဟုတ်ရဲ့လား"

"မင်း စကားကို ကြည့်ပြောနော်"

"ကြည့်ပြောနေတာပဲလေ"

ကပ်သတ်ပြီးပြောနေတဲ့ သူ့ကို ထယ်ယောင်း ဆက်မပြောချင်တော့လို့ စိတ်ကို လျှော့ချပြီး သူပြောတဲ့အတိုင်း လုပ်ဖို့သာ တွေးလိုက်ပြီး သူ့ကားဆီသွားရန် ခြေလှမ်းပြင်တော့

"နေဦး .. ခဏ"

သူ့ကို လည်ပြန် လှည့်ကြည့်လိုက်တော့

Hurts Like HellWhere stories live. Discover now