The story of first Love

Start from the beginning
                                    

ယုံကြည်စရာကောင်းလောက်တဲ့အကြည့်စူးစူးနဲ့ဆုံတဲ့အခါသူ့စိတ်ထဲရဲတင်းလို့လာသည်။

ကြောက်ကြောက်လန့်လန့်နဲ့ဘဲဒူးထောက်ထားတဲ့ဂျွန်ဂျောင်ကုရဲ့ဂုတ်ကိုနင်းကာနံရံပေါ်ကိုရအောင်တွယ်တက်လာလိုက်သည်။

ဂျွန်ဂျောင်ကုက တော့သူအပေါ်ရောက်တာသေချာသည်နှင့် ကြွမ်းကျင်စွာဘဲနံရံပေါ်ကိုကျော်တက်သွားလိုက်သည်မှာသူ့အကူအညီတောင်မလို

ချီးအဲ့တာအရေးမကြီးဘူး သူအောက်ကိုဘလိုနည်းနဲ့ဆင်းရမလဲ အရမ်းကိုမြင့်လွန်းနေတယ်

" ဂျောင်... ဂျောင်ကုငါအောက်ကိုမဆင်းရဲလို့ကူညီပါအုံး "

" အမ်းကူညီစေချင်တယ်ပေါ့ "

ခုနက ဆရာတွေကိုသွားတိုင်မယ်ဆိုတဲ့လူမိုက်ရုပ်ကလေးနဲ့ထယ်ယောင်းက အခုတော့သူမဟုတ်သလိုခေါင်းလေးငြိမ့်ရင်းအောက်ချပေးလို့ဆိုလေသည်။

မသိစိတ်က မျက်မှန်လေးကိုကူညီချင်ပေမယ့် သိစိတ်ကအကျင့်ယုတ်ချင်နေတော့လဲခတ်သား
.
" အားရှ် ကိုယ်အောက်ကိုခုန်ဆင်းလိုက်တာခြေထောက်နာသွားတယ် အား..ကျွတ်..ကျွတ်စ ဘလိုလုပ်မလဲလမ်းတောင်မလျှောက်နိုင်တော့ဘူးထင်တယ် "

အကယ်ဒမီရလောက်တဲ့ဂျင်းသရုပ်ဆောင်မှု့ကြီးကိုအပြီးအပြင်သရုပ်ဆောင်နေတဲ့ထိုကောင်ရဲ့သောက်ကျိုးနဲမှု့ကြီးကသူ့ကိုကြောင်သွားစေသည်။

ခြေထောက်ကိုနာလို့ဖိထားပြီးစောက်ခွက်ကြီးက ဖီးနေသည့်အခါသူ့ကိုဂျင်းထည့်နေမှန်းတစ်ဖြေးဖြေးသိလာရ၏

" ရီစရာမကောင်းတာမလို့ ငါ့ကိုအောက်ချပေး။ မဟုတ်ရင်တော့မင်းခြေထောက်တွေတကယ်ကြိုးစေရမယ်လို့ငါအာမခံတယ်"

" မျက်မှန်လေးကနှလုံးသားမရှိဘူးဘဲ ကိုယ်အရမ်းနာကျင်နေတာတောင်မယုံသေးဘူး "

သူလုပ်ရင်သူ့ရုပ်တွေထွက်လာမှာမလို့ သရုပ်ဆောင်ကောင်းလွန်းလှတဲ့ထိုအကောင်ကိုသာမေတာတွေပို့နေမိ၏

" သတောင်းစားဂျွန်ဂျောင်ကု ငါ့ကိုအခုချပေးမလား မင်းကိုငါ့ရုပ်ထွက်လာအောင်လုပ်ပြစ်ရမလား "

The story of first love ( Completed) Where stories live. Discover now