The story of first Love

Start from the beginning
                                    

ဂျွန်ဂျောင်ကုမရှိရင်စာမသင်ချင်ဘဲ အကျင့်ပြတ်ချစားနေတဲ့သူ့စိတ်ကြောင့် လွယ်အိတ်ကလေးပိုက်ကာ သူခိုးချောင်းချောင်းရင်း အတန်းလစ်လာတော့သည်။

" သူခိုးကောင်Jeon မင်းအတန်းမတက်ဘဲ ကျောင်းပြေးဖို့လုပ်နေတာလား "

" အင်း တိုးတိုးနေ ဆရာတွေမိရင်ကိုယ့်အိမ်ကိုတိုင်စာရောက်သွားလိမ့်မယ်မျက်မှန်လေး "

" ငါသွားတိုင်လိုက်မယ်ဆိုရင်ကော "

အောင်နိုင်သူအပြုံးနဲ့ အကျင့်ယုတ်ဖို့ညဏ်ဆင်နေတဲ့သူ့ကို ဂျွန်ဂျောင်ကုကမျက်ခုံးတစ်ချက်သာပင့်ကြည့်ရင်း ထိရောက်စေမယ့်စကားဆိုလာသည်။

" မင်းလက်ထဲက လွယ်အိတ်ကိုအရင်ဆုံးဖျောက်​ဖျက်ပြီးမှ ကိုယ့်ကိုတိုင်ဖို့စဥ်းစားပေါ့ ။ မဟုတ်ရင်မင်းပါကြံရာပါဖြစ်သွားလိမ့်မယ်မျက်မှန်လေးရဲ့ "

နှဖူးကိုခပ်ဖွဖွတောက်ရင်း သူ့လက်ကိုဆွဲကာစုံထောက်ကားထဲက အကွက်တွေနဲ့ ဆရာတွေမမြင်အောင်ကျော်ဖြတ်လာပြီးကျောင်းနောက်ဖက်က အုတ်တံတိုင်းဆီကိုရောက်လာ၏

" ဂျွန်ဂျောင်ကု မင်းဒီအုတ်နံရံကိုကျော်သွားမှာတော့မဟုတ်ဘူးမလား "

" အင်းမျက်မှန်လေး​တွေးနေတဲ့အတိုင်းဘဲ "

" ငါကကောဘလိုလုပ်မလဲလို့! ....တော်ပြီငါမလိုက်တော့ဘူး ကျောင်းနောက်ကျလို့ဆိုပြီးဆရာအပြစ်ပေးတာဘဲခံလိုက်တော့မယ် "

" ကိုယ့်ကိုယုံလိုက်စမ်းပါမျက်မှန်လေးရဲ့ အပေါ်ကိုရောက်အောင်တင်ပေးမှာမလို့ ကိုယ့်ကိုနင်းပြီးအပေါ်ကိုတက် "

ကျောင်းအုတ်ရိုးက သိပ်မမြင့်ဘူးဆိုပေမယ့် သူကအမြင့်ဆိုသေလောက်အောင်ကြောက်တာမလို့ သူ့စိတ်ထဲမှာတော့ တံတိုင်းကြီးအလားဘဲ

" ဟင့်အင်း....ငါမလုပ်ရဲဘူးလို့ဂျွန်ဂျောင်ကုရဲ့ "

ပထမဆုံးကျောင်းပြေးတာဆိုတော့ဆရာတွေမိသွားမှာလဲဆိုးသည်။

ထိုထက်ဆိုးတာကတော့ ဒီအုတ်နံရံပေါ်ကိုကျော်တက်ရမှာဘဲ

" ဟားး..ငကြောက်လေး....။
ဒီနံရံက မင်းထက်ခေါင်းတစ်လုံးစာလောက်ဘဲမြင့်တာလေ ငါကိုယ်တိုင်ကလည်းမင်းကိုထိခိုက်ခွင့်မပြုတာမလို့စိတ်ချလိုက် "

The story of first love ( Completed) Where stories live. Discover now