♡♡♡

250 17 1
                                    

ပေကျင်းမြို့ရှိ ခမ်းနားလှတဲ့ စားသောက်ဆိုင်တစ်ဆိုင်ကြီးတွင် ကောင်လေး၂ယောက် စကားများလျက်ရှိနေသည်

''ဒါဆို ကိုကြီးကျန့်က ပေါ်ပေါ့်ကို တစ်ခါမှ မချစ်ခဲ့ဖူးဘူးလား''

''.....အင်း''

''အ့ဆို ဘာလို့ စေ့စပ်ပွဲကို လက်ခံခဲ့ရတာလဲ''

''ဝမ်ရိပေါ် မင်းဘာတွေ စိတ်ရူးပေါက်နေတာလည်း လူ၂ယောက် လက်ထပ်ပြီး အတူနေကြတာက အချစ်ရှိဖို့လိုအပ်လို့လား ''

'' လိုတာပေါ့ အချစ်မရှိဘဲနဲ့ လက်ထပ်ရင် အ့အိမ်ထောင်က ပျော်ရွှင်နိုင်ပါ့မလား''

''အချစ်မရှိလည်း ငါတို့ဆက်ဆံရေးက အဆင်ပြေနေတာပဲမလား လူကြီးတွေကလည်း သဘောတူပြီးသားပဲလေ မင်းကျောင်းပြီးသွားရင် လက်ထပ်ရုံပဲဟာ ဘာလိုသေးလို့လဲ''

''ကိုကြီးအတွက် အဆင်ပြေနိုင်ပေမယ့် ကျွန်တော့်အတွက်တော့ အချစ်မပါတဲ့ အိမ်ထောင်ရေးက အဆင်မပြေနိုင်တာမလို့ ကျွန်တော့်ကို သွားခွင့်ပြုပါဦး ကိုကြီး အဖိုးလေးကို မပြောရဲရင် ကျွန်တော်ပဲ ပြောလိုက်ပါ့မယ်''

''ဘာပြောစရာလိုလို့လဲ''

''ကိုကြီးနဲ့ကျွန်တော်ရဲ့ စေ့စပ်ပွဲကို ဖျက်သိမ်းပေးဖို့လေ''

''ဘာ....ဝမ်ရိပေါ် ငါ မဖျက်သိမ်းပေးနိုင်ဘူး''

''ဘာလို့လဲ ကိုကြီးလည်း ကျွန်တော့်ကို ချစ်မှ မချစ်တာ အ့တော့ စေ့စပ်ပွဲက မလုပ်သင့်တော့ဘူးထင်တယ်''

''ဘယ်လိုပဲဖြစ်ဖြစ် သေချာတာတော့ ငါက ဒီလက်ထပ်ပွဲကို မဖြစ်ဖြစ်အောင် လုပ်မှာပဲ''

''ဘာဗျာ ခင်ဗျား လွန်မလာနဲ့နော်''

''မင်း ငါ့ကို ဘလိုပြောလိုက်တယ် ငါမင်းထက် ၆နှစ်တောင်ကြီးတာနော်''

''ခင်ဗျား က အသက်ကြီးပြီး နားမှမလည်တာ ဘလိုပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ခင်ဗျားကြီးနဲ့ လက်မထပ်နိုင်ဘူး
ဒီစေ့စပ်ပွဲကို ပေါ်ပေါ်ဘက်က ဖျက်သိမ်းတယ်''

''မင်းဘက်က ဘယ်လိုသဘောထားထား ကိုယ့်ဘက်ကတော့ ဒီစေ့စပ်ပွဲကို ဖျက်သိမ်းမပေးနိုင်ဘူး ဘာလို့လဲလို့တော့ ကိုယ့်ကို မမေးနဲ့''

''ခင်ဗျားကြီး...😡''
''ရတယ် နေပေါ့ ခင်ဗျားဘက်က မဖျက်သိမ်းလည်း ကျွန်တော့်ဘက်ကတော့ စေ့စပ်ပွဲက ပြတ်ပြီပဲ နှုတ်ဆက်ခဲ့ပါတယ် Xiao Zhan''

**မင်းလက်မခံလည်း ကိုယ်ကတော့ မရရအောင် မင်းကို လက်ထပ်မှာ ဘာလို့လဲဆိုတော့ မင်းဖြစ်နေလို့**

{ဒါကတော့ cutie pie seriesလေးကို အခြေခံပြီး plotချထားတာပါ အသေးစိတ်ကြီး တော့ တူမှာ မဟုတ်ပါဘူးနော်
ဝမ်က ခပ်စွာစွာ ခပ်ဆိုးဆိုး ကုပ်ကမြင်းလေးပုံစံမျိုးဖြစ်ပြီးတော့ ရှောင်းကတော့ gentlemanဆန်ဆန်နဲ့ ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်တဲ့ပုံစံမျိုးပါ ဝမ့်ကိုချစ်နေပေမယ့် သူ့ခံစားချက်ကို သေချာမသိသေးဘဲ ပိန်းဥလုပ်နေတဲ့ ယုန်အဖိုးကြီးပေါ့😒
ဒါပေမယ့် စိတ်မပူပါနဲ့ နောက်ကျ သူ သိသွားမှာပါ သိအောင်လည်း ယွမ်က လုပ်ပေးမှာပါ😌 ဟဲဟဲဟဲ
နောက်ပိုင်း ကိုကြီးကျန့်တစ်ယောက် သူ့အူကြူးလေးကို ဘလိုတွေအူတိုပြီး Jဝင်မလဲဆိုတာကို ဆက်ကြည့်ပေးကြပါနော်
ဒီficလေးက funnyကော romanceကောပါမှာပါ dramaကတော့ ပါမပါ ယွမ်လည်း မစဥ်းစားရသေးပါဘူး😁
ဆက်ပြီး အားပေးကြပါနော်
ဖတ်ပေးကြတဲ့တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်နော်😊🤗
plz vote and feedback💛
Take care,my dears💞

Cutie Wang(Unicode+Zawgyi)Место, где живут истории. Откройте их для себя