The story of first love

Start from the beginning
                                    

စစတွေ့ချင်းဘဲကင်ထယ်ယောင်းရဲ့အမြင်ကြည်မှု့ကိုရရှိထားတဲ့ဂျောင်ကုကမည်သူ့ကိုမှစောက်ဂရုမစိုက်သည့်ပုံစံမျိုးချိုး၏။

" ငါ့နာမည်ဂျွန်ဂျောင်ကု "

ခပ်​ချေချေ မိတ်ဆက်လာတဲ့သူ့စကားကို အတန်းထဲကကောင်မတစ်ချို့ကဘာတွေကြွေသွားလဲမသိ ကင်းထိုးလိုက်တဲ့အသံမျိုးနဲ့ထအော်တော့သည်။

အင်း အဲ့ကောင်မတွေက အဲ့လိုဘဲကင်းကိုက်နေကြ ။

ဆူပူလွန်းတဲ့မိန်းကလေးတစ်ချို့ကိုဂျွန်ဂျောင်ကုနားညီးသလိုမျိုးအကြည့်နဲ့ကြီးပြီး အိပ်လို့ကောင်းလောက်မဲ့နေရာကိုဝေ့ဝိုက်ရှာတော့မျက်မှန်လေးဘေးနားကခုံအလွတ်ကိုသွားတွေ့သည်။

အူကြောင်ကြောင်ရုပ်လေးပေါက်နေပြီးစာဂျပိုးလေးမှန်းသိသာနေတာကြောင့်သူ့ကိုအကျိုးပြုနိုင်မှန်းပါရိပ်မိ၏

စာတော်တဲ့သူတွေနဲ့မိတ်ဆွေဖွဲ့တာအကျိုးမယုတ်နိုင်ဘူးလေ

" မျက်မှန်လေးကိုယ်ဒီမှာထိုင်မယ်နော် "

" အင်း "

" မျက်မှန်လေးကိုယ့်ကိုစာအုပ်မျှပါအုံး "

ထယ်ယောင်းတွေးထားတဲ့အတိုင်းဘဲသူ့ဘေးခုံကိုရောက်လာကာ ကျောင်းတက်ပြီးစာအုပ်ပါမလာတဲ့အကောင်က ကျက်သရေစတုံးတော့သည်။

အဖိုးပြောထားတဲ့အတိုင်းဒီလိုကောင်တွေနဲ့အဝေးဆုံးကိုရှောင်နေရမယ် ။

" ဟေး..ကိုယ်ပြောတာကြားလား စာအုပ်ငှားပါအုံးလို့ "

" အော..ရော့ယူလိုက်တော့ ငါ့မှာစာအုပ်အပိုပါတာမလို့"

ရင်းနှီးအောင်လုပ်ဖို့ခတ်တဲ့ မျက်မှန်လေးက သူ့ကိုစာအုပ်အပိုင်ပေးလိုက်ပြီး ရောရောနှောနှောမနေချင်တဲ့ပုံစံချိုးသည်။

သူကိုယ်တိုင်က ဒီလိုငှားစရာမလိုအောင်ရှိနေပေမယ့် မျက်မှန်လေးနဲ့ရင်းနှီးချင်လို့သက်သက်ညဏ်ဆင်ကြည့်တာ

" မျက်မှန်​လေးကိုယ်မင်းနဲ့ခင်ချင်တယ် "

သူ့ရှေ့ကိုကမ်းလာတဲ့ညာဘက်လက်တစ်စုံအား ဘေးကိုပုတ်ထုတ်လိုက်ပြီး မျက်မှန်ကိုင်းကိုတစ်ချက်ပင့်တင်လိုက်သည်။

The story of first love ( Completed) Where stories live. Discover now