Unicode :
At Morning 🌅
ရင်ခုန်လိုက်တာဒီနေ့ချာတိတ်နဲ့တွေ့ရတော့မယ်။လွမ်းနေရတဲ့မျက်နှာလေးကိုဒီနေ့တစ်ဝကြီးကြည့်လို့ရပြီ မတွေ့ရတဲ့ဒီနှစ်တွေမှာသိပ်ကိုသတိရနေကြောင်းပြောပြရင်ချာတိတ်ကယုံပါ့မလား…။ဘာပဲဖြစ်ဖြစ်ပါနောက်ဆုံးတော့ကိုယ်အရမ်းကိုတွေ့ချင်နေခဲ့ရတဲ့မျက်နှာလေးကိုမြင်ရတော့မယ် ကိုယ့်မှာရင်ခုန်လွန်းလို့ညကတောင်ကောင်းကောင်းမအိပ်မပျော်ခဲ့ဘူးမနက်မှပြန်အိပ်ပျော်သွားတာ အခုဆို ၁၁နာရီတောင်ထိုးနေပြီ…။
ကိုယ်ကော်ဖီဆိုင်ရောက်တော့ချာတိတ်ကအရင်ရောက်နှင့်နေပြီ။ကိုယ်လဲကိုယ်နောက်ကျတယ်ထင်ပြီးခပ်မြန်မြန်ဝင်ထိုင်လိုက်ပြီး
"sorry ချာတိတ်ကိုယ်နည်းနည်းနောက်ကျသွားတယ်"
"အယ် ဘယ်ကသာ တိမ်လွှာကစောနေတာပါ မမရဲ့ အချိန်ကိုလဲကြည့်ဦး အခုမှ ၁၂ခွဲပဲရှိသေးတယ်ကို"
"အော် ဟုတ်သား မသိပါဘူးကိုယ်ကကိုယ်နောက်ကျတယ်ထင်သွားတာရယ်"
နှစ်ယောက်သားတိတ်ဆိတ်သွားပြီးတစ်ယောက်နဲ့တစ်ယောက်စိုက်ကြည့်နေမိကြရင်းနဲ့ ခဏနေတော့နှစ်ယောက်သားတစ်ပြိုင်တည်း
"တစ်ခုခုသွားမှာလိုက်ဦးမယ်နော်"
"အာ ချာတိတ် ထိုင်နေကိုယ်သွားမှာလိုက်မယ် black coffee နဲ့ချောကလတ်ကိတ်ပဲမဟုတ်လား ချာတိတ်"
"ဟုတ်တယ် မမမေ "
"အား လွမ်းနေရတဲ့မျက်နှာလေးကိုမြင်တော့သေချာစိုက်ကြည့်နေမိတာချာတိတ်အတွက်စိတ်အနှောင့်အယှက်များဖြစ်သွားလားမသိဘူးကွာ…"
"မမမေရဲ့အကြည့်တွေကအရင်အတိုင်းပဲလူကိုရင်ခုန်စေတုန်းပဲ ရှက်လိုက်တာ…"
ခဏနေတော့ Table နံပါတ်လေးကိုင်ပြီးမမမေပြန်လာထိုင်တယ်။ဒီအချိန်ထိလဲနှစ်ယောက်သားတိတ်ဆိတ်နေကြတုန်း…
"ချာတိတ်ဟိုမှာနေရတာအဆင်ပြေရဲ့လားဟင်အရမ်းပင်ပန်းခဲ့လားဟင် နည်းနည်းချောင်ကျသွားသလိုပဲရယ်…"
"အဆင်ကတော့ပြေပါတယ် မမမေရယ် ဒါပေမဲ့လဲကိုယ်တိုင်ဦးစီးပြီးလုပ်ရတာဆိုတော့နည်းနည်းတော့ပင်ပန်းတာပေါ့ မမမေလဲချောင်ကျသွားတယ်နော် အလုပ်တွေအရမ်းမလုပ်နဲ့ဗျ သေရင်ကိုယ့်နောက်ပါတာလဲမဟုတ်ပဲနဲ့…"
YOU ARE READING
ကိုယ့်ရဲ့ချာတိတ်...🧡
Romanceအချစ်မှာမျက်စိမရှိဘူးချာတိတ် ကိုယ်ကမင်းဖြစ်နေလို့ကိုချစ်တာမလို့မင်းသံသယကင်းကင်းနဲ့ကိုယ့်ကိုပြန်ချစ်နိုင်တယ်😉🧡