ရောင်စဉ်ကတော့ အမှန်တိုင်းပြောလိုက်သည်။ ကိုယ့်ဆန္ဒကိုသိသွားစေချင်သလို ကိုယ့်ဘက်ကလွန်ကဲတာမျိုးကိုလည်းမရိပ်မိစေရအောငိ စကားအသွားအလာလေးထိန်းပြောလိုက်သည်။

သူဖြစ်နေလို့ခက်ခဲပါတယ်ဆိုတာ အလုပ်သဘောလို့စဉ်းစားလိုက်ရင်တောင် သူနဲ့ပတ်သတ်ရင်အလိုလို အနေအမ်းမိလာတာ၊ သူနဲ့ပြန်ပတ်သတ်ရမှာ ကိုယ့်အတွက်စိတ်လှုပ်ရှားမှုလေးတော့ဖြစ်သွားတာ စသဖြင့် အနည်းငယ်လေးတော့ပြလိုက်ရာရောက်ပါသည်။

"ဒါဆို သက်ထင်ကရော"

"ကျွန်တော်လည်း သူ့လိုပါပဲ။ တစ်ချို့အခန်းတွေရိုက်ကူးရတာ အတော်ခက်ခဲခဲ့ပါတယ်။ အဆိုနယ်ပယ်က လူတစ်ယောက်အတွက်တော့ ရောင်စဥ့်ဆီကအများကြီးသင်ယူလိုက်ရပါတယ်"

အို.....။ သူလည်းခက်ခဲတယ်တဲ့လား။ ကိုသက်ထင်လည်း ရောင်စဥ့်လိုအနေခက်တာမျိုးရှိတာလား။ ရောင်စဥ့်လိုရောခံစားရသေးလား။

ဒါဆိုဘာလို့ နည်းနည်းလေးတောင် နွေးထွေးမှုမရှိတဲ့ မျက်နှာကြီးဖြစ်နေရတာလဲကွယ်။ လူရှေ့သူရှေ့မို့ရှက်တယ်ဆိုရင်လည်း ကွယ်ရာမြှပပေါ့။ ကွယ်ရာလည်း ထိုနည်းလည်းကောင်းပါပင်။
ကိုသက်ထင်က ပြောစကားနှင့်မညီအောင်ကို အနေစိမ်းလွန်းသည်။

"ခေါင်းဆောင်မင်းသားမင်းသမီးက မင်းတို့နှစ်ယောက်ဖြစ်နေလို့ကို ဒီဇာတ်ကားကပေါက်မှာ။ မင်းတို့ကိုပြန်မြင်ချင်တဲ့ ပရိတ်သတ်တွေချည်းပဲလေ"

ကိုသက်ထင်ကပြုံး၍ ရောင်စဉ်ပါလိုက်ပြုံးသည်။ တကယ်ကိုပြုံးရုံလေးပဲ။ မျက်လုံးလေးတောင် ရောင်စဥ့်ဘက် အကြည့်လည်မလာပေ။ ​ရောင်စဉ်တို့နှစ်ယောက်ကိုအတူမြင်ချင်ကြတယ်လို့ တစ်ခါကြားရတိုင်း ရောင်စဉ်ကတော့ပျော်တယ်။ ကိုသက်ထင်ကတော့ အရုပ်တစ်ရုပ်ထက်မပို။ ခါတိုင်းပုံစံနှင့်မတူဘဲ မျက်လုံးတွေငိုင်းစင်းနေရလောက်တဲ့အထိ သူဘာတြွေဖစ်နေပါလိမ့်....။

ရောင်စဉ်တို့ကို ရင်ခုန်သံတြွေပန်နွှေးပေးသည့်စကားတွေပြော​ခံနေရတာကိုတောင် သူ့မျက်လုံးတွေကအေးဆေးလွန်းပြီး ပုံမှန်ဖြစ်လွန်းတာမြင်ရတာ ရောင်စဉ်ခံစားမိပါသည်။ ကိုသက်ထင်ရင်ထဲမှာ ရောင်စဉ်ရှိနေသေးတာလား မရှိတော့တာလား။

IDOLWhere stories live. Discover now