"သက်ထင်...."

"ဗျ ဗျာ....."

"ဘာတွေတွေးနေတာလဲ.....သောက်လေ"

ဒါရိုက်တာကိုဝေလ (ရှုထောင့်သစ်) လက်လာတို့တော့မှ သက်ထင်အတွေးလွန်နေမှန်း သိသွားသည်။ ရောင်စဉ်က သက်ထင့်ဘေးမှာ။ ခေါင်းဆောင်မင်းသားမင်းသမီးမို့ ဘေးချင်းကပ်ထားသော်လည်း ရိုက်ကွင်းပြင်ပဆိုရင် အလိုလိုသူစိမ်း။

"ဟုတ်"

ကိုဝေလကတော့ ဇာတ်ကားနဲ့ပတ်သတ်ပြီး သူလုပ်ချင်သည့်အစီအစဉ်တွေအကုန်ပြောသည်။ Melody Moon ကုမ္ပဏီနဲ့ဖက်စပ်ရိုက်ထားရတဲ့အခွင့်အရေးကို အကောင်းဆုံးအသုံးချပြီး အာရှကျော်ဇာတ်ကားတစ်ကားဖြစ်အောင် လုပ်မည်ဟု ကတိအထပ်ထပ်ပေးသည်။

မြန်မာ့ Netflix မင်းသားနဲ့ ထိပ်တန်းမင်းသမီးတို့ပါဝင်ထားသည်မို့ ပေါက်ကိုပေါက်​မည်ဟုယုံကြည်သည်ဟုလည်း စကားဝိုင်းကိုသူဉီးဆောင်ကာ အားလုံးကိုပတ်ချီးကျူးသည်။ ကိုယ်ကတော့ ပြုံးပြုံးလေးနားထောင်ရုံ။ ကိုယ့်ခေါင်းထဲကိုယ့်အတွေးနဲ့ကိုယ်ရှုပ်နေတာမို့ စကားဝိုင်းထဲမယ် သက်ထင်တစ်ယောက်တည်း မျက်နှာတည်နဲ့အရုပ်တစ်ရုပ်လို။

"ဒါနဲ့ အကြာကြီးနေမှ နှစ်ယောက်အလုပ်အတူပြန်တွဲလုပ်ရတော့ ဘယ်လိုနေလဲ"

ကိုဝေလအမေးနှင့် စကားဝိုင်းအသံတိတ်ချိန်နှင့်တိုးသွားကာ ကိုဝေလအမေးကို လူတိုင်းကြားလိုက်ရလေသည်။ သက်ထင်အာရုံများလည်း ပြန်စုစည်းလာမိကာ ဘေးကရောင်စဥ့်ကိုတစ်ချက်ကြည့်မိသည်။

ရောင်စဉ်ကခေတ်ဆန်ဆန်လေးဝတ်စားထားကာ ဘား၏ညဘက်မီးရောင်အောက်တွင် လှနေသည်။ အမေးခံလိုက်ရသူနှစ်ယောက်စလုံး အကြည့်ချင်းဆုံမိကြပေမယ့် သင်ထင်ကပင်အရင်စလွှဲသွားသည်။

"ရောင်စဉ်တို့က အရင်ကတည်းကအလုပ်တွဲလုပ်ဖူးတာနည်းတယ်လေ။ ပွဲတက်လောက်ပဲအတူတက်ဖြစ်တာ။ ပရော့ဂျက်အကြီးကြီးဆိုရင်တော့ နှစ်ယောက်ဆုံတာ ဒါပထမဆုံးပါပဲ။ ဘယ်လိုနေလဲဆိုတော့ အခက်အခဲတော့ရှိတာပေါ့။ မင်းသားက ကိုသက်ထင်ဖြစ်နေလို့ကို ပိုခက်ခဲတဲ့အခန်းတွေရှိပါတယ် အဟင်းဟင်း"

IDOLWhere stories live. Discover now