(Part-3) First Kiss💋

196 4 0
                                    

အိပ်ခန်းပြတင်းပေါက်မှ တစ်ဆင့် ဒယ်ဒီ့ ခြံထဲသို့ မြင်နေရ၏။ကျယ်ဝန်းလှသော ခြံဝင်းကျယ်ကြီးတွင် သူက အိမ်တစ်အိမ်။ဖခင်ဖြစ်သူ ဦးမျိုးမဟာ၏ အိမ်က တစ်အိမ်။

ဤသည်မှာ အနည်းငယ်တော့ ထူးဆန်းကောင်း ထူးဆန်းနေလိမ့်ချေမည်။သို့သော် ဖခင်ဆိုသည့် ထိုလူသားအား သားဖြစ်သူ သူက မကြည်ဖြူတာမို့။သူကပင် ခပ်ကင်းကင်းစတင်နေ၏။

(၁၉)နှစ်ဟူသောအရွယ်နှင့် ကိုယ်စီးပွားကိုယ်ရှာသည်။ဖခင်ဆီက တပြားမှမတောင်း။တောင်းလဲ သူ့ဆီသို့ပေးလာတဲ့ပိုက်ဆံတွေထက် သူ၏အပျော်မယားများအား ပေးသည့်ပိုက်ဆံက အဆပေါင်း‌များစွာသာလွန်နေမှာအမှန်ပင်။

ခြံထဲ၌ ပါတီကျင်းပနေသည့်အလား။တီလုံးသံ လူသံတို့က ဆူညံ့ပွက်လောရိုက်နေသည်။ဒါဟာသမာရိုးကျ ဖြစ်စဉ်တစ်ခု။တစ်ရက်မဟုတ်တစ်ရက်၊သူ့အိမ်မဟုတ်လျှင် သူ့ဒယ်ဒီအိမ်တွင် ထိုသို့ ကျင်းပနေစမြဲ။

"Ringing!!!! Ringing!!!! Ringing!!!"

ဘောင်းဘီအိတ်ကပ်ထဲတွင် တုန်ခါနေသည့် ဖုန်းလေးအား ထုတ်ကာကြည့်လိုက်သည်။

"Linn"

ဟူသော စကားလုံးလေးက လှပစွာပင်ပေါ်လာသည်။လင်း!!! အိုရာလင်းဆိုသော မိန်းကလေးသည် သူ၏ ရည်းစားတွေထဲမှတစ်ယောက်လဲဖြစ်သလို၊အရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်လဲဖြစ်သည်။

တွဲသမျှသော ကောင်မလေးတွေသည် အလွန်ဆုံး နှစ်ပတ်ခန့်သာ။ထို့နောက် ဖြတ်ပစ်သည်။လင်းသည် ထိုသို့မဟုတ်။သူ့အား နားလည်ပေးနိုင်သည်။ဂရုစိုက်ပေးသည်။ထို့ကြောင့် လင်းနှင့်သူ့အား သူငယ်ချင်းများကပင် အတည်လားဟု မေးကြ၏။

"ပြော လင်း..."

အိုရာလင်း : "မောင့်ဒယ်ဒီအိမ်မှာ ပါတီရှိတယ်ဆို "

ချွဲနွဲ့နွဲ့ခေါ်သံက သူကြားနေကျမို့ နေသားကျနေပြီဖြစ်သည်။

"ဟုတ်တယ်"

အိုရာလင်း : "အဲ့တာဆို မောင်ညစ်နေမှာပေါ့။အခုမောင်တစ်ယောက်တည်းမလားဟင်...လင်းတို့ clubကို လိမ့်ကြရအောင်လေ"

မြူးထူးသော အသံလေးက သူ့အားဆွယ်နေသည်။တကယ်လဲပျင်းနေသူမို့ club သွားရန် ဆုံးဖြတ်လိုက်၏။သို့သော် ရုတ်တရက် အတွေးဝင်လာသည်က club ဆိုသည်နှင့် ရန်ပွဲက တွဲပါလာတက်သော သူ့လိုလူအား ခေါ်ရန် လင်းသည် မည်သို့သော သတ္တိတွေရှိနေပါသနည်း။

OSIRIS Nơi câu chuyện tồn tại. Hãy khám phá bây giờ