"မငိုနဲ့လေ ယောင်းမင်းရာ....။ Eagle ကဘာဖြစ်နေလို့လဲ"

"ကျွန်တော့်ကြောင့်ပါ....ကျွန်တော့်ကြောင့်။ သူ့ဘာသာလိမ်ပဲလိမ်လိမ်၊ လျှိုပဲထားထား သူ့အကြောင်းနဲ့သူရှိလို့မပြောတာကို ကျွန်တော်ကပြဿနာရှာမိတာ ကျွန်တော်ကြောင့်ပါ"

"ယောင်းမင်း မင်းစိတ်ထိန်းစမ်း....။ မင်းဘာဖြစ်နေတာလဲ"

"တို့ Black Ocean ထိတဲ့ညကစပြီး Eagle မှာစိတ်ကျရောဂါရှိနေတယ်လို့ စသိခဲ့ရတယ်။ အဲ့မတိုင်ခင်ကတည်းက စနေခဲ့တယ်လို့လည်း ထင်ရတယ်။ သတင်းမပြန့်စေချင်လို့ အမေရယ် ဇေရယ် ငါရယ်ပဲသိထားတာ။ ဒါ့ကြောင့်ညီညီ့ကိုအတတ်နိုင်ဆုံး စိတ်ပျော်လာစေမယ့်အရာတွေပဲပြောပေးလုပ်ပေးခဲ့တာ။ ငါတို့ကြုံရတဲ့အရာတွေကလည်း စိတ်ပင်ပန်းစရာကများတာကိုး။ ပျော်စရာ ဘာရှိလို့လဲ။ ဒါ့ကြောင့်နှလုံးရောဂါဖြစ်တဲ့အထိ ရောဂါိတိုးလာတာပဲ။ Eagle က ငါတို့ Scandal နဲ့ရင်ဆိုင်ရတုန်းက ငါတို့နဲ့ထပ်တူလိုက်ခံစားပေး လိုက်ဝမ်းနည်းပေးပြီး ပြဿနာတွေဖြေရှင်းပေးခဲ့တာ။ သူလည်း Scandal ဖြစ်ရော ငါတို့က အပြစ်တောင်ပြောလိုက်ကြသေးတယ်။ ငါတို့တော်တော်မတရားတာပဲ"

"Hyung ရယ်အဲ့လိုမပြောပါနဲ့။ ကျွန်တော်မှားပါတယ်လို့။ မြန်မြန်နိုးလာပေးပါ Hyung ရယ်။ ကျွန်တော်တောင်းပန်ပါရစေ"

"ယောင်းမင်း အစ်ကိုမင်းကိုတစ်ခုမေးမယ်"

"မေးပါ"

"ဇေနဲ့ Eagle ကိုမဖြစ်မနေတစ်ယောက်ပဲရွေးရမယ်ဆိုရင် ဘယ်သူ့ကိုရွေးမလဲ"

"ဟင်"

ယောင်းမင်းရဲ့တုံ့ဆိုင်းသွားပုံကိုကြည့်ပြီး ဒယ်ဟိုကတစ်ချက်လှောင်ပြုံးပြုံးသည်။

"သေချာပေါက် Eagle ကိုရွေးရမှာကို ချီတုံချတုံဖြစ်နေသေးတာပဲ။ Eagle ကမကောင်းတဲ့သူဆိုလည်းထားတော့။ ဇေကတကယ်တော်တဲ့မန်နေဂျာဆိုပေမယ့် နှစ်ခုယှဥ်လာရင် မလွတ်တမ်းဆွဲထားရမှာ ကိုယ့်မန်ဘာပဲ။ မန်နေဂျာဆိုတာအပြင်လူဖြစ်ပြီး မန်ဘာတွေက ကိုယ့်မိသားစုလေ။ ငါကတော့ Eagle က သက်ထင်နဲ့ပဲတွဲတွဲ ဇေနဲ့ပဲတွဲတွဲ တခြား idol တစ်ယောက်နဲ့ပဲကြိုက်သွားကြိုက်သွား သာမန်လူနဲ့ပဲပေါင်းပေါင်း ကိစ္စမရှိဘူး။ သူ့ဘဝသူနှလုံးသားကရွေးခြယ်တာမို့လို့ လက်ခံပေးရမှာ။ မင်းတို့လည်းအဲ့လိုနှလုံးသွင်းထားကြ"

IDOLWhere stories live. Discover now