Never (ဘယ်တော့မှ) - Zawgyi 25

Beginne am Anfang
                                    

Trainingကာလတစ်နှစ် အပြီးမှ YH Entertainment က Single Album နဲ့ ရိပေါ်ကို Debut လုပ်ပေးခဲ့ပါတယ် ရိပေါ်က ငယ်ငယ်တည်းက အက ကလာတဲ့သူမို့ တခြားTraineeတွေထက် ပိုပြီးအားသာတာက အကပိုင်းမှာ အရမ်းထူးချွန်နေတာမျိုးပါ နောက်တစ်ခုက ရိပေါ်က လက်ဝှေ့သမားလည်း ဖြစ်တာမို့ ကတဲ့ ကကွက်တွေက အားပြင်းပြင်းနဲ့ ကနိုင်တာမျိုးကြောင့် ပထမဆုံး Single Album နဲ့တင် အကကို သဘောကျလို့ ပရိသတ် ရခဲ့ပါတယ် အရမ်းကြီး လူသိမများပေမယ့် သိတဲ့လူတိုင်းကတော့ လက်ခံအားပေးကြတဲ့ B List Singer/Dancer ဖြစ်လာခဲ့ပါတယ်

အခုလည်း Street Dance of China က Program Direct ကြီးက ရိပေါ်ရဲ့ အကတွေကြောင့် လာမည့် SDC season 3 မှာ Captainအဖြစ် လာရောက် ကမ်းလှမ်းခဲ့တာပါ ကိုယ့်သဘောနဲ့ ကိုယ်ဆိုရင် မပါချင်ပေမယ့် တစ်ချိန်က တစ်ယောက်သော သူက SDC မှာ ဝင်ပြိုင်ပါလား ဆိုပြီး အားပေးထားတာကို သတိရတာမို့ ကျန့်ကောကိုယ်တိုင် SDC Programme ကို ကြည့်တာမှန်း သိနေတာကြောင့် လက်ခံခဲ့ပါတယ်

အခုပြန်လာတာကလည်း SDC 3 ရိုက်ကူးရေးအတွက်ရယ် Traineeအဖြစ် ကိုးရီးယားမှာနေဖို့ စာချုပ်ကလည်း တစ်နှစ်ခွဲ ပြည့်ပြီမို့ တရုတ်ကနေပဲ အနုပညာလှုပ်ရှားမှုတွေ ဆက်လုပ်သွားဖို့အတွက် တစ်ခါတည်း ပြန်လာတာ ဖြစ်ပါတယ် မှတ်မှတ်ရရ ထွက်သွားတုန်းကလည်း ၁၁ ရက်နေ့ ပြန်လာတော့လည်း ၁၁ ရက်နေ့ပါပဲ ပေကျင်းမြို့ကြီးက အရင်လို နွေးနွေးထွေးထွေးနဲ့ ရိပေါ်ကို ကြိုဆိုနေဆဲပေါ့ နေရာကတော့ ကုမ္ပဏီက စီစဉ်ပေးတဲ့ ကွန်ဒိုတစ်ခုမှာ နေရတာပါ

ကျန့်ကောကရော ရိပေါ်ကို မြင်ရင် အရင်လို ပြုံးပြနေနိုင်ပါ့မလား အရင်က မပတ်သက်ခဲ့ကြသူတွေလိုပဲ အေးအေးဆေးဆေး ပြောနိုင်ပါ့မလား ဒါပေမယ့် ကျန့်ကောရဲ့ သက်ဆိုင်သူနဲ့ မိတ်ဆက်ပေးတဲ့ဒဏ် မခံနိုင်လောက်ဘူးထင်တာပါပဲ ဒါကြောင့်လည်း ရိပေါ်ကတော့ ကျန့်ကော ရှိနိုင်မယ့်နေရာတွေ ကျန့်ကောဖုန်းနံပါတ်တွေ သိပေမယ့် အရင် မဆက်သွယ်ဖို့ ဆုံးဖြတ်ထားပါတယ်

ပေကျင်းပြန်ရောက်ချိန်မှာ SDC 3 ရိုက်ကူးရေးအပြင် Gank Your Heart ဇာတ်လမ်းတွဲ အတွက်လည်း Main Lead အဖြစ် ရိုက်ကူးရမှာမို့ အားလပ်ချိန် သိပ်မရှိလို့တော်ပါသေးတယ် အခုက စနေနေ့မို့ တစ်ရက်အားလပ်ရက် ရတာကြောင့် ဟောက်ရွှမ်းတို့နဲ့ တွေ့ရအောင် ချိန်းထားတာမို့ အရင် ရိပေါ်တို့ အရင် ကွန်ဒိုလေးကို ထွက်လာခဲ့တာပါ ကွန်ဒိုလေးက အရင်အတိုင်းပါပဲ ဟောက်ရွှမ်းက ရိပေါ် မရှိတော့ပေမယ့် ရိပေါ် အခန်းကို အရင်အတိုင်းပဲ သေချာထားပေတာမို့ သူငယ်ချင်းလေးကို ကျေးဇူးတင်ပါတယ် ကျိရန် ကလည်းဆေးရုံသွားနေတာမို့ သူငယ်ချင်း နှစ်ယောက်အေးအေးဆေးဆေး စားသောက်ပြီး စကားတွေပြောဖြစ်ကြပါတယ် ဟောက်ရွှမ်းကလည်း သူ့အကြောင်းတွေ ပြောပြ ရိပေါ်ကလည်း Trainingကာလအကြောင်းတွေ ပြောကြနဲ့ စကားကောင်းနေခဲ့တာပါ

NeverWo Geschichten leben. Entdecke jetzt