Chapter - 52

11.5K 670 72
                                    

Unicode
~~~~~~~

ဧကရာဇ်မောင် ဆေးသောက်ထားတာတောင်မှ နည်းနည်းလေးမှအိပ်မပျော်ပဲ ရင်ခွင်ထဲကကုမုဒြာရဲ့မျက်နှာလေးကိုသာ တစိမ့်စိမ့်ငေးကြည့်နေ၏ ။ ဆံပင်ရှည်လေးက နှဖူးနဲ့လည်ပင်းထပ်မှာ ဝဲကျနေပေမဲ့ မုဒြာရဲ့အလှတရားကိုတော့ ဖုံးကွယ်မထားနိုင်ပေ ။ မျက်နှာနုနုလေးရဲ့အသားအရေက အပြစ်အနာစာမရှိအောင် ချောမွှေ့နေပြီး နှုတ်ခမ်းဖူးဖူးက ပန်းရောင်သန်းနေကာ ဆွဲမနမ်းမိအောင် မနည်းစိတ်ကို ထိန်းထားရသည် ။

ထိုစဉ်တစ်နာရီခန့် နှစ်ခြိုက်စွာ အိပ်မောကျနေခဲ့တဲ့ မုဒြာဟာ ရုတ်တရပ်ဆိုသလိုလှုပ်လာပြီး ဧကရာဇ်ထံမော့လာကာ နှစ်ဦးသားရဲ့မျက်နှာက နှဖူးချင်းထိကပ်မတတ်နီးကပ်သွားလေသည် ။ ရုတ်တရပ်မို့ ဧကရာဇ်လဲကျောက်ရုပ်ပမာ အသက်ပင်မရှူရဲပဲ ငြိမ်သက်သွားပြီး မုဒြာဘာဆက်လုပ်မလဲစောင့်နေလိုက်သည် ။ မုဒြာရဲ့အသက်ရှူသံတွေက ဖြေးဖြေးပုံမှန်ဖြစ်နေ၍ မနိုးသေးမှန်းသိသာသည် ။

ဧကရာဇ်က နီးကပ်နေတဲ့မုဒြာရဲ့မျက်ဝန်းလေးကိုကြည့်နေစဉ် ဖြေးညှင်းစွာ ဖွင့်ဟလာတာကိုတွေ့လိုက်ရသည် ။ သို့ပေမဲ့ အသိစိတ်လွတ်နေသလို ငြိမ်သက်စွာ သူ့အားကြည့်နေခြင်းကြောင့် ဧကရာဇ်လဲဘာလုပ်ရမှန်းမသိဖြစ်ကာ ငြိမ်၍သာနေနေရသည် ။

မုဒြာရဲ့ပူနွေးနေတဲ့လက်ဖဝါးက ဧကရာဇ်ရဲ့ပါးပြင်ကို လာရောက်ထိကိုင်ပြီး မုဒြာကသူ့ရဲ့နှဖူးအား ဧကရာဇ်နှဖူးနဲ့ထိကပ်စေကာ အာရုံခံကြည့်ပြီးနောက် တိုးတိုးလေးရေရွတ်လိုက်တော့သည် ။

" မပူတော့ဘူး … မောင် အဖျားကျသွားပြီပဲ "

" …… "

နူးညံ့လွန်းတဲ့မုဒြာရဲ့ စကားသံလေးနဲ့ အပြုအမူတွေကို ဧကရာဇ်မောင်အိမ်မက်ဟုပင်ထင်မှတ်နေပြီး နှလုံးခုန်သံတွေကလဲ မြန်ဆန်လာသည် ။ နှစ်တွေအကြာကြီးလွမ်းစွတ်နေခဲ့တဲ့ ထိုအခိုက်တန့်လေးမှာ ဧကရာဇ်မောင် အသက်ရှူဖို့ပင်မေ့သွားသည်ထိ ပျော်ရွှင်သွားလေသည် ။ ထိုစဉ်မုဒြာက မှေးစဉ်းနေတဲ့မျက်ဝန်းလေးနဲ့ ဧကရာဇ်အားငေးကြည့်ကာ ပြုံးလိုက်ပြီး ထပ်မံဆိုလိုက်သည် ။

Hidden love " ကုမုဒြာ "( complete )❤️ Where stories live. Discover now