အခန်း (၅၀)

Depuis le début
                                    

နန်းတော်ထဲ နှစ်ပေါင်းများစွာကြာ ရှင်သန်နိုင်အောင် ကြိုးစားခဲ့သူ ဝမ်ဖုမူသည် မရိုးရှင်းသော မြေခွေးပါးတစ်ကောင်ဖြစ်မည်ကို ဖေ့လန် သိသည်။ သူ ဝမ်ဖုမူကို ဦးညွတ်ခြင်းကလည်း သူ့အား မျက်နှာသေးပေးပြီး ဖခမည်းတော်ထံ တဆင့် သတိပေးစကား ပါးပေးနိုင်ရန် အတင်းလာဘ်ထိုးသည့် သဘောပါသည်။

ဝမ်ဖုမူက ဖေ့လန် ဦးညွတ်ထားသည်ထက် ပို၍ နိမ်အောင် ခါးညွတ်ထားလိုက်တော့သည်။

"ဝမ်ဖုမူ၊ ဖခမည်းတော်က ကျွန်ုပ်ကို မတွေ့လိုမှတော့ ကျုပ်ကိုယ်စား ခမည်းတော်ကို သတိပေး ပေးပါ" ဖေ့လန်က ဆိုသည်။ "ကျွန်ုပ်ရဲ့ အမှာစကားကို ခမည်းတော် နားရောက်အောင် တဆင့်ပါးပေးမယ်လို့ ယုံကြည်ပါတယ်"

"အိမ်ရှေ့မင်းသားစကားကို ကျွန်တော်မျိုး မသွေမတိမ်း နားထောင်ပါ့မယ်" ဝမ်ဖုမူ ပြောလိုက်သည်။

"နဝမအစ်ကိုတော်ကို သတိထားဖို့ ဖခမည်းတော်ကို ပြောပေးပါ" ဖေ့လန်က ဆိုသည်။

"အရှင့်သား ဒါ ဘာအဓိပ္ပာယ်ပါလဲ" ဝမ်ဖုမူ မေးလိုက်သည်။

"အစ်ကိုတော် (၉)က ကောက်သစ်စားပွဲတော်နေ့က လုပ်ကြံမှုမှာ ပါဝင်ပတ်သက်နေတာ"

"အရှင့်ကျွန်တော် နားလည်ပါပြီ" ဝမ်ဖုမူက ပြန်ပြောလေသည်။

ဖေ့လန်သည် ဖခင်၏ အိပ်ခန်းဆောင် ရှေ့ ဒူးထောက်ချလိုက်သည်။ နဖူးကို မြေမှာ ဦးတိုက်လိုက်ပြီးနောက် နန်းတော်တွင်းမှ ထွက်သွားတော့လေသည်။

ဝမ်ဖုမူ မင်းကြီး အိပ်ဆောင်ထဲဝင်လာသောအခါ မင်းကြီးသည် ပြတင်းအပြင်ဘက်သို့ ငေးကြည့်နေလေသည်။ ဘာတွေးနေသလဲတော့ ဝမ်ဖုမူ မသိ။ ဘုရင့်သားတော်များအနက် ဖေ့ကျင်းသည် မင်းကြီးနှင့် ရုပ်ရည် ဆင်အတူဆုံးဖြစ်သည်။ သို့သော် အဘယ်ကြောင့် ဖေ့ကျင်းကို အေးတိအေးစက် သဘောထားသလဲ ဝမ်ဖုမူ နားမလည်နိုင်ချေ။

"အရှင်မင်းကြီး အိမ်ရှေ့မင်းသား နန်းတော်မှ ထွက်ခွာသွားပါပြီ" ဝမ်ဖုမူ ပြောလိုက်သည်။

မင်းကြီးသည် ဝမ်ဖုမူကို လှည့်၍ မာန်မဲ၍ ကြည့်လေတော့သည်။ "အိမ်ရှေ့မင်းသား မဟုတ်တော့ဘူး"

ဉာဏ်များလွန်းသော ခင်ပွန်းသည်Où les histoires vivent. Découvrez maintenant