အခန်း (၅၀)

Mulai dari awal
                                    

ဖေ့လန် ခမည်းတော်၏ အိပ်ဆောင်တော်ရှေ့ ရပ်ရင်း ကြွေကျလေသော ပွင့်လွှာချပ်များကို ငေးမောကြည့်နေမိတော့သည်။ ဖခမည်းတော် သူ့ကို စိတ်ဆိုးလွန်း၍ ထွက်မတွေ့သည်ကို သူ သိသည်။ ကလေးဆန်ဆန် စိတ်ကောက်တတ်သော ဖခင်ကို သူ ရယ်ချင်မိသွားလေသည်။

ဖေ့လန်၏ အခြေအနေမျိုးနှင့် လက်ရှိမှာ ပြုံးနေနိုင်သေးသည်ကို ကြည့်ရင်း ဝမ်ဖုမူ အံ့သြထိတ်လန့်မိသွားလေသည်။ "အိမ်ရှေ့မင်းသား"

ဖေ့လန် အသံလာရာကို လှည့်ကြည့်မိတော့ ဖခမည်းတော်အပါး နှစ် နှစ်ဆယ်ကြာ ဝန်တာထမ်းဆောင်ခဲ့သော ဝမ်ဖုမူကို တွေ့လေသည်။ ထိုစဉ်က ဝမ်ဖုမူမှာ ၁၀ နှစ်အရွယ်သာ ရှိသေးသော မိန်းမစိုးပေါက်စလေးဖြစ်၏။ နောက်ပိုင်းမှာတော့ ဖခမည်းတော်၏ တိုင်ပင်ဖော် အကြံပေးဖြစ်လာခဲ့လေသည်။ ဝမ်ဖုမူသည် ပါးနပ်၍ အစွမ်းအစရှိသူဖြစ်မည်ကို သူ သိသည်။ ထိုသို့ မဟုတ်ပါကလဲ ဖခမည်းတော်၏ အယုံကြည်ရဆုံး အနီးဆုံးလူဖြစ်နေမည် မဟုတ်ပေ။

ဖေ့လန် သူ့အား ဦးညွတ် အရိုအသေပေးလာသောအခါ ဝမ်ဖုမူ ပို၍ပင် ထိတ်လန့်သွားမိတော့လေသည်။ "အိမ်ရှေ့မင်းသား ဘယ်လိုတောင် ပြုမူနေတာပါလဲ၊ ဒီကျွန်တော်မျိုး မခံယူဝံ့ပါဘူး"

"ခင်ဗျားက နှုတ်သွက်သားပဲ" ဖေ့လန်က ဆိုသည်။

ဖေ့လန်ကို မကောင်းဆိုးဝါးများ ဝင်ပူးလေသလား ဝမ်ဖုမူ ထင်လိုက်မိသည်။ "အိမ်ရှေ့မင်းသား မင်းကြီးက မတွေ့လိုပါဘူးတဲ့၊ ဒီနေ့ ရာသီဥတု သိပ်အေးနေတာ၊ မအေးတဲ့ တစ်နေ့မှ ပြန်လာကြည့်ပါလား အရှင့်သား"

"ဖခမည်းတော် စိတ်ပြေသွားတဲ့ အချိန်ကျရင် တွေ့ခွင့်ရပါဦးမလား ကျွန်ုပ် မသိတော့ဘူး" ဖေ့လန်က ဆိုသည်။

စောစောက ဝမ်ဖုမူသည် ဖေ့လန်ရောက်လာကြောင်း ရှင်ဘုရင်အား တင်လျှောက်ခဲ့သည်။ မင်းကြီးက ဖေ့လန်အပေါ် စိတ်ပျက်နေမိသည်ကို တွေ့ပြီး သနားစရာကောင်းလှသည်ဟု တွေးမိလေသည်။ ဘုရင်မင်းမြတ် အမျက်တော်ပြေသွားပြီး ဖေ့ကျန်းကို သည်းမခံနိုင်တော့သည့်အခါမှာတော့ ဖေ့လန်ကို နန်းတော်သို့ ပြန်ခေါ်လိမ့်မည်ဟု ထင်လေသည်။

ဉာဏ်များလွန်းသော ခင်ပွန်းသည်Tempat cerita menjadi hidup. Temukan sekarang