Part 3

47 3 0
                                    

[Unicode]At Jeon Company

ဂျောင်ကု companyသို့ရောက်ရောက်ချင်းဝန်ထမ်းတွေကိုမေးကာဟိုဆော့စီကိုသွားလိုက်တယ်

'ကျွန်တော်က Jeon Companyပိုင်ရှင်ဆိုတာဘယ်သူမှမသိကြဘူးလေ အစ်ကိုဟိုဆော့နဲ့
အမယွန်းဂျီဘဲ သိကြတာလေ

အမယွန်းဂျီနဲ့အစ်ကိုဟိုဆော့တို့က လက်ထပ်ထားတာ ၁နှစ်‌တောင်ကျော်ပြီလေ ကျွန်တော် Mafiaခေါင်းဆောင်ဆိုတာလဲ အမယွန်းဂျီသိတယ်

Companyက ဝန်ထမ်းတွေကတော့ ကျတော်နဲ့
အစ်ကိုဟိုဆော့နဲ့ကသူငယ်ချင်းတွေဆိုတာဘဲ သိထားကြတာပြီးတော့ ကျွန်တော်ကDynamite Bar ပိုင်ရှင်လို့ဘဲလူအများကသိထားကြတာလေ'

ဂျောင်ကုအတွေးနယ်ထဲကိုရောက်ရင်းနဲ့ ဟိုဆော့ရုံးခန်းအရှေ့ရောက်လာတော့ တံခါးခေါက်လိုက်တယ်

*ဒေါက် ဒေါက် ဒေါက်*

ဝင်ခဲ့ပါဆိုတဲ့အသံမကြားရတဲ့ ဂျောင်ကုကတော့တံခါးကိုဆက်မခေါက်နေတော့ဘဲ ဒီအတိုင်းဝင်လာခဲ့တော့တယ်

ဂျောင်ကုဝင်လာတော့စာရွက်တွေနဲ့ အလုပ်ရှုပ်နေတဲ့
ဟိုဆော့ကိုတွေ့လိုက်တော့

"‌အစ်ကိုဟိုဆော့"

"အော် ဂျောင်ဂုပြောလေဘာကိစ္စရှိလို့လဲ"

"‌ကျွန်တော်လေလံဆွဲမဲ့ ဆွဲကြိုးကအခိုးခံလိုက်ရတာလေအဲ့ဒါဂျပန်ကိုသွားစရာမလိုတော့ဘူး အဲ့ဒါအစ်ကိုလိုက်စရာမလိုတော့ဘူးလို့ လာပြောတာ"

"အစ်ကိုလဲသိပြီးပါပြီ အဲ့ဆွဲကြိုးကိစ္စကိုYinပြောပြထားလို့လေ"

"ကျွန်တော်စိတ်တိုတာဘဲသိတယ် အစ်ကိုရာကျွန်တော်တောင်လိုချင်လို့ မနည်းလုပ်ထားရတာကိုဗျာ"

"ဂျောင်ကုရာ မင်းစိတ်ကိုလျော့ထားစမ်းပါဟာ အစ်ကိုပြောမယ် မင်းလိုချင်တဲ့ဆွဲကြိုးထက်အရမ်းလှတဲ့ ဆွဲကြိုးတွေရှိသေးပါတယ်ကွာ မင်းကြိုက်တာတွေအများကြီးရှိမှာပါ"

"ဟူးးးး ကျွန်တော်နောက်ထပ်ဆွဲကြိုးတွေ လိုက်ရှာလိုက်အုံးမယ် အစ်ကို့မိတ်ဆွေတွေထဲကဆွဲကြိုး‌အကြောင်းသိတဲ့သူရှိရင် ကျွန်တော့်ကိုမိတ်ဆက်ပေးအုံး"

You've reached the end of published parts.

⏰ Last updated: Sep 11, 2022 ⏰

Add this story to your Library to get notified about new parts!

Who am I?Where stories live. Discover now