Never (ဘယ်တော့မှ) - Zawgyi 24

Start from the beginning
                                    

စာကိုဖတ်ပြီးတဲ့နောက်မှ ဟောက်ရွှမ်း စိတ်အေးသွားတာပါ ဒါကြောင့် ရိပေါ်ထားခဲ့တဲ့ သူ့မားမားအတွက် စာကို တစ်ခါတည်း ရွာပြန်ပြီးပေးဖို့ ဆုံးဖြတ်လိုက်ပါတယ် ကျိရန်က ဆေးရုံDutyတွေရှိသေးတာမို့ ဟောက်ရွှမ်းတစ်ယောက်တည်း သွားဖို့ ဆုံးဖြတ်ပြီး ကျိရန်ကို ကျန့်ကောလာရင် စာပေးလိုက်ဖို့နဲ့ ရန်မရှာဖို့ သေချာမှာခဲ့လိုက်ပါတယ်
*
*
*
*
*
*
ဟောက်ရွှမ်းပြန်လာပြီး ရိပေါ်က မပါတော့ ရိပေါ်မားမားက အံ့အားသင့်နေတာမို့

"ရိပေါ်က အားရီ အတွက် စာပို့ခိုင်းလိုက်လို့"

"အလိုလေး ရိပေါ်လေးက မားဆီဖုန်းမဆက်ပဲ စာပို့ခိုင်းတယ်"

"ဟီး ဟီး ရော့ အားရီ ဖတ်လိုက်ပါဦး"

မား သား ဘာပြောရမှန်း ဘာရေးရမှန်းလည်း မသိတော့ပါဘူး ဒါပေမယ့် မားကို တောင်းပန်ချင်သေးတယ် သားကို ခွင့်လွှတ်ပါနော်  ပထမတုန်းက မားကတိတောင်းထားတဲ့ အသက်၂၅နှစ် မပြည့်ခင် လက်မထပ်ဘူးဆိုတဲ့ ကတိကို သားဖျက်မိတော့မလို့ မားက မသိဘူး ဆိုပေမယ့် သားက ကိုယ့်ကိုကိုယ် သိခဲ့တာမို့ မားကို တောင်းပန်ပါတယ်နော် အခုတော့ သား ပြန်ပြီး မားကို အဲဒီကတိတည်နိုင်သွားပြီမားရေ
ဘာတွေ ဘယ်လိုဖြစ်ခဲ့လဲ မားနားလည်မှာ မဟုတ်ဘူး ဒါပေမယ့် သား စိတ်ပြောင်းသွားတာပါ မားမား သားကို Entertainmentတစ်ခုက သဘောကျလို့ Trainee အဖြစ် လာကမ်းလှမ်းထားတာကြာပြီ ပထမတော့ ကျန့်ကောနဲ့ မခွဲချင်လို့ မသွားဘူးလုပ်ထားတာ ဒါပေမယ့် အခုတော့ သား Trainee အဖြစ်နဲ့ ကိုးရီးယားကို သွားမှ သားစိတ်ဖြေနိုင်မယ်ထင်လို့ပါ ကျန့်ကောကိုလည်း မား အပြစ်မမြင်နဲ့နော် ကျန့်ကော လက်ထပ်ရင် ကူပြီး ကြည့်ပေးလိုက်ဦးနော် ငွေသားလက်ဖွဲ့ရင် များများထည့်ပေးနော် သားနာမည်နဲ့က လက်ဖွဲ့တစ်စု မားနာမည်နဲ့ လက်ဖွဲ့ တစ်စု နှစ်စုထည့်ပေးနော် သားဆုံးဖြတ်ပြီးသွားပြီ အောင်မြင်တဲ့ တစ်နေ့မှ မားကို ဂုဏ်တက်စေမယ့် တစ်နေ့ မားနားကို သားပြန်လာခဲ့မယ် နော် သားဘာလုပ်လုပ်ခွင့်ပြုပေးတဲ့ မားကိုလည်း သားက အများကြီးချစ်တယ်နော် သားဆီက အဆက်အသွယ်မရလည်း စိတ်မပူနဲ့နော် မားသား ကိုယ့်ကိုကိုယ် ဂရုစိုက်မယ် မိုက်မဲတဲ့ ကိစ္စတွေလည်း ဘာမှ မလုပ်ဘူး စိတ်ချ မားမားကို ချစ်တဲ့ရိပေါ်

NeverWhere stories live. Discover now