"လူယုတ်မာ... ငါ့ကိုဘာလုပ်လိုက်တာလဲ"

*ဖြောင်း..*ဟူသည့် ပါးရိုက်ခြင်းကိုခံခဲ့ရသည်မို့
ဝမ်ရိပေါ်မှာ အတော်လေး မူးနောက်သွားသလို
သူ၏နှုတ်ခမ်းဖူးဖူးလေးဆီမှ သွေးစအနည်းငယ်
စို့၍သွားရှာသည်။

"မင်း..ဘာလို့လက်ပါရတာလဲ။"
"ဒီကိစ္စကို အေးဆေးဖြေရှင်းသင့်တယ်လို့မထင်ဘူးလား။"

"ဘာကိုဖြေရှင်းရမှာလဲ...မင်းက သက်သေပဲလေ
ငါ့ကိုမတရားပြုကျင့်ထားပြီးတော့ မင်းကနစ်နာနေမယ် လူယုတ်မာကောင်ရဲ့။"

'အဟက်...စွာလိုက်တာမှ ပြောစရာစကားပါ
ပျောက်ရတဲ့အဖြစ်ပဲ။'

"ဒီမှာ..မင်းကိုလည်းငါမသိဘူး။ပြီးတော့ ဒီအခန်းက ငါ့ရဲ့အထူးအခန်း။ဒီကိုလာတိုင်း ငါဒီအခန်းမှာပဲတည်းခိုနေကျ ကြည့်ရတာ မင်းကမှ မနေ့ညက
ငါ့အခန်းထဲ ခိုးဝင်လာတာနေမယ်။"

"မဟုတ်ဘူး...ဒါ ငါ့သူငယ်ချင်းရဲ့အခန်းပါ။
သူသေချာပေါက် ငါ့ကိုသူ့အခန်းရဲ့ကဒ်ပေးလိုက်တာ။"

"မင်းငွေလိုချင်လို့ ငါ့အနားချဥ်းကပ်တာလား
ပွင့်ပွင့်လင်းလင်းပြောပါ။"

"ငါက အဲ့လောက်ထိအောက်တန်းမကျဘူး။
မင်းရဲ့စကားကို ဆင်ခြင်ပြီးပြောပါ။"

"အဟက်..ကောင်းပြီလေ"
"ဒါဆိုရင် မင်းပြန်လို့ရပြီ ငါ့အခန်းထဲကအခုထွက်သွားလိုက် မင်းကိုတရားမစွဲစေချင်ရင်ပေါ့။"

"သွားမှာပါ..မင်းလိုမျိုးမာနခေါင်ခိုက်နေတဲ့လူအနားမှာ နေချင်တယ်လို့ထင်နေတာလား sorry ပဲ
အထင်ကိုမကြီးတာ။"

"ဟေ့..ဘာပြောလိုက်တာလဲ"

"မင်းနားကန်းနေလို့လား..ပြန်မေးနေရတာ "
fuck!!..

သူ့အဝတ်တွေကိုအမြန်ပြန်ဝတ်လိုက်ပြီးရှောင်ကျန့်
ထိုအခန်းထဲကနေ ထွက်ခွာသွားတော့တယ်။

သူထွက်သွားတာကိုတော့ အမိအရဓာတ်ပုံရိုက်ယူထားခဲ့တဲ့လူတစ်ယောက်ရှိလို့နေတာကိုတော့
ရှောင်ကျန့်မသိလိုက်ပါ။
အခန်းတံခါးကိုပြန်ပိတ်နေတဲ့ဝမ်ရိပေါ်ရဲ့ဓာတ်ပုံသည်လည်းပဲထိုနည်းတူစွာ ထိုလူရဲ့ ကင်မရာထဲတွင် မှတ်တမ်းတင်နိုင်ခဲ့ပြန်သည်။

It's youWhere stories live. Discover now