Never (ဘယ်တော့မှ) - Zawgyi 23

Start from the beginning
                                    

"ကျန့်ကော ကျွန်တော့်ကို စောင့်လို့မရဘူးလား"

" ငါက စောင့်ရတာကို မကြိုက်ဘူးလေ ဘယ်သူ့ကိုမှလည်း မစောင့်ခဲ့ဖူးဘူး"

ကျန့်ကော စကားမှာ ရိပေါ် ပြိုလဲပါတယ် တကယ်ကြီး ကျန့်ကောက လက်ထပ်တော့မှာပဲ

"ဒါပေမယ့် တစ်ခုတော့ရှိတယ်"

မျှော်လင့်ချက်ပေးတဲ့ စကားရပ်မို့လို့ ရိပေါ် မျှော်လင့်တကြီး ကျန့်ကောကို ကြည့်မိပါတယ်

"ငါ မင်းကို တစ်ပတ်စောင့်ပေးမယ်"

"ကျန့်ကော စကား ကျွန်တော် နားမလည်ဘူး"

"ငါအခု လက်ထပ်ဖို့ ရွေးချယ်ထားတဲ့သူ ရဲ့ နာမည်က ချန်ချန်တဲ့"

"ချန်ချန် ဘယ်က ချန်ချန်လဲ ဘယ်တုန်းက ကျန့်ကောနဲ့ တွေ့သွားတာလဲ အရင်က ကျန့်ကောတွဲခဲ့ဖူးသူတွေထဲကလား"

"မဟုတ်ဘူး မင်းမွေးနေ့ မတိုင်ခင် ခရီးသွားတုန်းက သိခဲ့တာ အခု ငါသူ့ကို လက်ထပ်ခွင့် မတောင်းရသေးဘူး မင်းကို အခွင့်အရေးတစ်ခုပေးမယ်"

"ဘယ်လို အခွင့်အရေးမျိုးလည်း"

"ငါ တစ်ပတ်စောင့်မယ် ဒီတစ်ပတ်အတွင်း မင်းငါ့ကို လက်ထပ်ခွင့်တောင်းလို့ရတယ်လေ ဒါဆို ငါ့ဆုံးဖြတ်ချက်က ပြောင်းရင် ပြောင်းသွား နိုင်တယ် မင်းက ငါအကြာဆုံး ပတ်သက်ခဲ့တဲ့သူ ပဲ ဒါကြောင့် မင်းဆုံးဖြတ်ပေါ့"

"မဟုတ်ဘူးလေ ကျန့်ကော ရယ် ကျွန်တော်မားကို ကတိပေးထားတာ ကျန့်ကောလည်း သိရဲ့သားနဲ့ ကတိဆိုတာ လွယ်လွယ်ပေး လွယ်လွယ် ဖျက်လို့ မရဘူးလေ ပြီးတော့ ကျွန်တော်က အခုမှ တတိယနှစ်ပဲ ရှိသေးတာလေ ကျွန်တော်ဘွဲ့ တစ်ခုလောက်တော့ ယူရဦးမယ် ပြီးရင် အနည်းဆုံး ချန်ပီယံနှစ်ခုလောက်ရအောင်လုပ်ပြီးမှ ကောကို တင့်တောင်းတင့်တယ် လက်ထပ်ခွင့်တောင်းချင်တာ ကိုယ်ရှာထားတဲ့ ပိုက်ဆံလေးနဲ့ စိတ်တိုင်းကျ လက်စွပ်လေးလုပ်ပြီး လက်ထပ်ခွင့်တောင်းချင်တာ ကျွန်တော်တို့ရွာမှာ လက်ထပ်ရင် ဘာမှ မကုန်ဘူးဆိုပေမယ့် ကောမိဘတွေကို သူတို့ရဲ့သားလေးကို ကျွန်တော့်လက်ထဲ ယုံယုံကြည်ကြည်နဲ့ ထည့်းပေးနိုင်တဲ့အထိ ကျွန်တော်က ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်တဲ့အထိ ကျွန်တော်လုပ်ရဦးမယ်လေ အများကြီး မစောင့်ပါနဲ့ ကျန့်ကောရယ် တစ်နှစ်ကျော်ကျော်လေးပါ ကောရယ် ချန်ပီယံ မဖြစ်သေးတောင် အသက်၂၅ ပြည့်ပြီးတာနဲ့ ချက်ချင်း လက်ထပ်ပါ့မယ် ကျွန်တော့်ကို ခဏလေးပဲ စောင့်ပေးပါနော် လက်ထပ်ခွင့်က တောင်းဆိုရင် အခုတောင်းနိုင်တယ်"

NeverWhere stories live. Discover now