[Z] Chapter-3 : Taking a Walk after a Meal

Start from the beginning
                                    

သူ့ရင်တွေဘာလို့ဒီလောက်ခုန်နေရတာလဲဆိုတာ ရှောင်နန် တကယ်နားမလည်ပါ။ သူ့ကိုဖွင့်ပြောနေတဲ့လူက ယောက်ျားတစ်ယောက် အထူးသဖြင့် သူ့ဦးလေးလဲဖြစ်နေတာလေ။ သူလည်းပဲ သူ့ဦးလေးကို ကြိုက်နေတာများလား....? သူ့စိတ်ထဲရှုပ်ထွေးနေပြီး ခေါင်းငိုက်စိုက်ကာလမ်းဆက်လျှောက်နေမိသည်။

ထိုလူက စကားတစ်ခွန်းမှမပြောဘဲ ရုတ်တရက်ကြီးနောက်ကိုလှည့်လိုက်သဖြင့် ထိုလူရဲ့တောင့်တင်းခိုင်မာတဲ့ရင်ဘတ်ကို သူ့နဖူးနဲ့ သွားဆောင့်မိတော့သည်။ ရှောင်နန် ရုတ်တရက်လန့်သွားတာပေါ့။ ထိုလူကအခွင့်အရေးကိုလက်လွှတ်မခံဘဲကောင်လေးရဲ့မေးစေ့လေးကိုသူ့လက်ကြီးနဲ့ ဖွဖွညှစ်လိုက်ကာ လေသံလေးနဲ့ " ကိုယ် မင်းကို နမ်းချင်တယ်....." လို့ပြောလာသည်။

ထိုလူ့မျက်လုံးတွေကို ရှောင်နန် မကြည့်ရဲပေ။အချိန်တိုင်းအနိုင်ကျင့်ပြီးလာလာနမ်းနေတာပဲကို အခုမှဘာတွေလာမေးနေတာလဲမသိဘူး။

" မဖြေဘူးဆိုရင် မင်းကနမ်းဖို့သဘောတူတယ်လို့ ဆိုလိုတာပဲ"

ထိုလူက သူ့ရဲ့လတ်ဆတ်နူးညံ့တဲ့နှုတ်ခမ်းလေးကို ကြင်ကြင်နာနာနဲ့နမ်းရှိုက်လာသည်။ နှုတ်ခမ်းနှစ်စုံက တစ်ခုနဲ့တစ်ခု ညင်ညင်သာသာလေးပွတ်တိုက်နေပေသည်။ ရုတ်တရက်ကြီး ထိုလူက ပြောလာသည်။
"ကိုယ်နဲ့ အတူရှိနေပေး"

ထိုလူကအသံပြတ်ကြီးနဲ့ပြောလိုက်တာပေါ့လေ။ဘယ်မှာလဲ ငါ့ဆီကအဖြေကိုတောင်းနေတဲ့ပုံစံက။ ရှောင်နန့်မျက်လုံးထောင့်တွေကနီရဲလာပေမဲ့ ထိုလူရဲ့ပိုင်ဆိုင်လိုစိတ်ပြင်းထန်နေတဲ့အကြည့်တွေကို တန်ပြန်မကြည့်ရဲပေ။ သူ့ရဲ့လည်တိုင်အနောက်ကိုကိုင်ထားဆဲဖြစ်ပြီး သူတို့နှုတ်ခမ်းတွေကလဲ ထိစပ်လုနီးနီးဖြစ်နေကာ သူ့မျက်နှာကလဲနီရဲ၍ တောင့်တောင့်ကြီးဖြစ်နေမိသည်။

ထိုလူက မရိုးမသားအကြည့်တွေနဲ့ကြင်ကြင်နာနာကြည့်ကာ ထပ်ပြောလာသည်။
"ငြိမ်နေတာက သဘောတူတယ်လို့ဆိုလိုတာနော်"
ရှောင်နန် ထိုလူ့ကိုအလန့်တကြားကြည့်လိုက်မိသည်။ ပါးစပ်ဟကာပြန်ပြောဖို့ပြင်နေတုန်း ထိုလူက ရုတ်တရက်ကြီးလာနမ်းလိုက်လေသည်။
ဒါ သူ့ဆီကအဖြေကို ရှောင်နင် နားမထောင်ရဲလို့ဆိုတာ မငြင်းနိုင်ပေ။ ထိုလူကကြောက်နေခဲ့သည်။ သူချစ်တဲ့ကောင်လေးက သူ့ကိုငြင်းလိုက်မှာကို သူကြောက်နေခဲ့သည်။

ဘတ်စ်ကားပေါ်က ချစ်ဇောဟုန် [ပြီး]Where stories live. Discover now