"မဖြစ်သင့်ပါဘူး ခမည်းတော်.."
ကြောက်လွန်း၍ ဒူးထောက်ထားတဲ့ သူ့ဒူးခေါင်းတွေတုန်ရီနေသည်။
လက်ဖဝါးတွေကလည်း ကြမ်းခင်းကြား ချွေးတွေရွှဲနေသည်။
ဘုရင်နှင့် အိမ်ရှေ့စံ.. အဲ့ထက်မက ဘုရင်နှင့် ဘုရင့်နေရာကိုခြိမ်းခြောက်နိုင်တဲ့နောက်ခံတောင်းတင်းတဲ့ဆက်ခံသူ အဖြစ်သာ ပတ်သက်နေရတဲ့ သူ့ခမည်းတော်ကို သူမော့ကြည့်မိသည်။
"မဖြစ်သင့်ပါဘူး..ကျနော်မျိုးက ဘယ်လိုလုပ် ရာရာစစ''
သူထပ်ပြောချင်ပေမဲ့ သူ့စကားတွေထွက်မလာတော့...
"အိမ်ရှေ့စံ..ငါကိုယ်တော်လည်းအိုလှပြီ..အမတ်တွေကလည်း ငယ်ရွယ်ထက်မြက်တဲ့ဘုရင်ကိုလိုချင်နေကြတယ်.. ဒီတော့..."
"ကျနော်မျိုးကမထက်မြက်ပါဘူးဘုရား"
သူကယောင်ကတမ်းရေရွတ်တဲ့အခါ အမတ်တွေဆီက တီးတိုးသံတွေထွက်လာသည်။
"မထက်မြက်ဖူးထင်ရင်ထက်မြက်ကြောင်း သိအောင်ပြလို့ဖြစ်တာပဲ"
တည်တည်ငြိမ်ငြိမ် ဒါပေမဲ့ သြဇာအာဏာပြည့်ဝစွာဆိုလာသူ
ဦးရီးတော် လက်ယာအမတ်ကြီးကို သူ့အလန့်တကြားကြည့်မိသည်။
မဟုတ်မှ..ဒါတွေက ဦးရီးတော်တို့ရဲ့ အကွက်တွေလား..
"လက်ယာအမတ်ကြီးပြောတာမှန်တယ်.. .. ခုတိုင်းပြည်ရေးအခြေအနေကို မင်းသားလည်းသိမှာပဲ... ရွာနီနယ်စပ်ကိုသွားပါ.. စစ်သူကြီး ဗဟုလ နဲ့ပူးပေါင်းပါ အမတ်ကြီးတွေနဲ့ စစ်သူကြီးတစ်ချို့က အင်အားစုဆောင်းပြီးလိုက်လာပါလိမ့်မယ်...
မင်းအဖြစ်ကိုခံယူကာ တိုင်းပြည်ကို မင်းသားယူပါ...."
ခမည်းတော်က တစ်ခွန်းချင်းပြောရင်း ပလ္လင်ပေါ်မှဆင်းလာသည်။ ဒူးထောင်နေတဲ့သူ့ရှေ့မှာပဲ ထိုင်ချလိုက်ကာ သူ့ကိုပွေ့ဖက် လိုက်သည်။
သူပထမ အံသြလွန်း၍ တုန်ရီသွားသည်..ထို့နောက်တော့
ဖခင်ဆီမှကြင်နာမှုတွေမရဖူးတဲ့မင်းသားလေးက စိတ်ကြီးဝင်ချင်သလို ဝမ်းနည်းသလိုနှင့် မျက်ရည်တွေကျလာတော့သည်။
ဘုရင်ကြီးက ဖက်ထားရာမှခွာလိုက်ကာ မင်းသားငယ်ရဲ့လက်ထဲသို့ နဂါးခေါင်းနှင့်တံဆိပ်တုံးလေးကိုထည့်ပေးလိုက်သည်။
YOU ARE READING
Once Upon A Time
Romanceသတိုးသိင်္ခရာဇာဆိုတဲ့ ဘုရင်အကြောင်းကို ငယ်ငယ်တည်းက သမိုင်းထဲမှာသင်လာရတယ်..လူကြီးတွေပြောတာလည်းကြားဖူးတယ်.. သိခဲ့သမျှက အဲ့ဒီ့ဘုရင်က မကောင်းတဲ့ဘုရင်လေ.. မင်းစည်းစိမ်ပဲယစ်မူးနေပြီး နောက်ဆုံး တစ်ရက်ပဲဘုရင်ဖြစ်ပြီးတာနဲ့ ချောင်ချင်းတွေလက်ထဲ တိုင်းပြည်ပေးလိ...
