Vol ; 2 Chapter (38)

Start from the beginning
                                    

သည်ရက်များတွင် မင်အင်ပါယာအတွင်း အခြေအနေက တည်ငြိမ်နေသည်။ သုံးလဟူသော အချိန် ကုန်လွန်ပြီးနောက် ရှန်ဖေးသည်လည်း အပြည့်အဝ ပြန်လည် ကောင်းမွန်လာပြီ ဖြစ်၏။

ထို့ကြောင့် သည်နေ့တွင် သူက ညီလာခံသို့တက်၍ ကြားနာမှုခံရန် တွေးတောထားသည်။ ထို့ကြောင့် အင်ပါယာ၏ တော်ဝင်ဝတ်ရုံအား ဝတ်ဆင်ပြီးနောက်တွင် သူက ရွှယ်နှင့်မုန့်အား ဆင့်ခေါ်လိုက်သည်။

" အရှင်... "

သူ၏ အချက်ပြမှုကြောင့် ရွှယ်နှင့်မုန့်က ရောက်ရှိ လာကြသည်။ ထိုအခါသူက ခေါင်းညိတ်လိုက်ပြီးနောက်...

" ညီလာခံကို သွားရအောင်၊ ဒီအရှင်က ဒီနေ့ ကြားနာမှု ခံယူမယ် "

ရှန်ဖေးက ပြောလိုက်သည်။ ထိုအခါ ရွှယ်နှင့်မုန့်တို့က ခေါင်းညိတ်လိုက်ပြီး အရှေ့မှ လမ်းဖွင့်ပေးသည်။ ရှန်ဖေးသည် သူ၏ ဝတ်ရုံကို တစ်ချက် ခတ်လိုက်ပြီးနောက် ညီလာခံရှိရာ တော်ဝင်နန်းတော်၏ အရှေ့ဘက်သို့ ဦးတည်လိုက်လေသည်။

" အင်ပါယာ ကြွရောက်လာပါပြီ၊ ညီလာခံအတွင်းမှ လူများ၊ မတ်တပ်ရပ်ပေးကြပါ "

တော်ဝင်ညီလာခံ၏ အနောက်တံခါးမှ အင်ပါယာ၏ လှုပ်ရှားမှုကို မြင်သည်နှင့် လျန်ကုန်းကုန်းက ကြေညာလိုက်သည်။ ထိုအခါ ညီလာခံအတွင်း၌ ရှိကြသော လူအားလုံးက နေရာမှထကာ ခေါင်းကို ငုံ့ထားလိုက်ကြ၏။

ရှန်ဖေးသည် အနောက်ဆောင်မှ ဝင်လိုက်ပြီး အင်ပါယာ၏ တော်ဝင်ပလ္လင်၌ ထိုင်လိုက်သည်။ ယခု သူက ခြောက်လအတွင်း ပထမဆုံး အင်ပါယာကိုယ်တိုင် ကြားနာခြင်းပင်ဖြစ်၏။ ပလ္လင်ပေါ်သို့ ရောက်သည့်အခါ သူက အားလုံးကို လက်ဝှေ့ယမ်းပြ၍ ထိုင်ခိုင်းလိုက်သည်။

သူက ပလ္လင်ပေါ်သို့ ရောက်သည့်အခါ မျက်လုံးကို ပလ္လင်တစ်ဝိုက် ဝေ့ဝိုက်၍ ကြည့်လိုက်သည်။ သူ၏ ညာဘက်သလွန်တွင် ဝမ်မေ့က ထိုင်နေပြီး ဟွားဟွားက ဘယ်ဘက် သလွန်၌ ရှိနေ၏။ ထို့နောက်သူက အားလုံးကို ခေါင်းညိတ်ပြလိုက်ပြီးနောက်...

" အားလုံးပဲ အရင်အတိုင်း ဆက်လုပ်ကြပါ၊ ကြားနာမှု စမယ် ဘယ်သူက အရင်ဆုံး တင်ပြကြမလဲ "

The Resurrected Emperor (Complete - Bl)Where stories live. Discover now