Vol ; 2 Chapter (38)

Start from the beginning
                                    

ဟွားဟွားက အနည်းငယ် တွန့်ဆုတ်စွာဖြင့် ပြောလိုက်သည်။ ထိုအခါ ဝမ်မေ့က ခေါင်းအသာ ညိတ်လိုက်ပြီး...

" ဒါဆိုရင် အရှင့်ဆီကို သွားကြရအောင် "

ဝမ်မေ့က ဦးဆောင်၍ ထွက်ခွာသွားသည်။ အင်ပါယာ၏ နန်းဆောင်ထဲကို ရောက်တော့ အရှင်က သူ၏ သလွန်ထက်၌ ထိုင်နေပြီး ဝိုင်သောက်နေသည်။ သူတို့အား မြင်သည့်အခါ အရှင်က နေရာမှထလိုက်ပြီး...

" အင်း... လာကြ ဒီရက်တွေမှာ ကိုယ့်ကြောင့်နဲ့ မင်းတို့နှစ်ယောက်လုံး ပင်ပန်းနေကြပြီး၊ အထူးသဖြင့် မေ့အာ မင်းက အတင့်ရဲလွန်းတယ်၊ စစ်ပွဲအတွေ့အကြုံ ဘာမှမရှိဘဲနဲ့ ဒီလိုမျိူး ဝင်ရောက်တာက မင်းအတွက် အသက်ကိုတောင် ပေးရလောက်တယ်၊ နောက်တစ်ခါ ဒီလိုမျိုး အတင့်မရဲနဲ့ "

ရှန်ဖေးက အနည်းငယ် စိုးရိမ်စိတ် မကင်းသော အသံဖြင့် ဆူလိုက်သည်။ ဝမ်မေ့သည် သူ့စကား တစ်လျှောက်လုံး တိတ်ဆိတ်နေပြီး မည်သည့် တုန့်ပြန်မှုမှ မပြောပေ။ ထိုအခါ ရှန်ဖေးက သက်ပြင်း ချလိုက်ပြီးနောက်...

" မေ့အာ မင်းက ကိုယ့်ကို အခုချိန်ထိ ဒေါသစိတ် မပြေသေးဘူးလား "

" ... "

သူက​ ထိုသို့ ပြောလိုက်သော်လည်း ဝမ်မေ့က တိတ်ဆိတ် နေသည်။ အချိန်အတော်ကြာမှ နေရာ၌ ဝင်ထိုင်လိုက်ပြီး...

" ဘာလဲ... အရှင်က အရှင့်ရဲ့ ကြင်ယာတော်ကို သတ်လိုက်တော့ စိတ်မကောင်း ဖြစ်နေတာလား ဒီလိုဆိုရင်တော့...  "

" မေ့အာ... မင်းစကားက "

ဝမ်မေ့၏ စကားကြောင့် သူက မျက်မှောင် ကြုတ်လိုက်သည်။ သို့သော်လည်း သူက စိတ်ကို လျှော့လိုက်ပြီး သက်ပြင်းသာ ချလိုက်သည်။ ထို့နောက်...

" ဒီရက်တွေမှာ ကိုယ်က အပြည့်အဝ ကောင်းမွန်မလာ သေးတာကြောင့် အင်ပါယာရဲ့ အမိန့်နဲ့အာဏာကို မေ့အာကပဲ တာဝန်ယူထားပေးပါအုံး၊ အရေးကြီး ဆုံးဖြတ်စရာတွေကိုလည်း မင်းပဲကြည့်ပြီး စီစဥ်လိုက်ပါ "

ဝမ်မေ့က မသိမသာ ခေါင်းညိတ်သည်။ ထို့နောက်တွင် သူတို့သုံးယောက်က စကားအနည်းငယ် ပြောပြီးနောက် ပြန်လည် တိတ်ဆိတ် သွားသည်။

The Resurrected Emperor (Complete - Bl)Where stories live. Discover now