အပိုင်း-၁၂

Start from the beginning
                                    

_________________

သုခတစ်ယောက် ကွန်ဒိုပြန်ရောက်တော့ မနက် ၂ နာရီပင်ကျော်နေပြီမလို့ ဘောစ့်အားဖုန်းမဆက်ဖြစ်တော့ပါ။ အိပ်နေသော ဘောစ့်ဖြစ်သူအား မနှောင့်ယှက်ပါပဲ သူသည်လဲ ကိုယ်လက်သန့်စင်ပြီး အိပ်ဖို့ရန်သာပြင်လိုက်တော့သည်။

ဒီနေ့တွင်လည်း သင်္ခတစ်ယောက် ပုံမှန်ထက်အနည်းငယ်စောကာ ကုပ္မဏီသို့ထွက်လာခဲ့လိုက်သည်။ အချိန်အနည်းလေးရရင်တော့ ကော်ဖီဆိုင်ထိုင်ချင်ပါသေးသည်။

သင်္ခကုပ္မဏီရောက်ချိန်တွင်တော့ ၈နာရီ ၂မိနစ်သာရှိသေး၍ အောက်ထပ်သို့ပြန်ဆင်းကာ ကော်ဖီဆိုင်ရှာပုံတော်ဖွင့်ရသည်။ ကုပ္မဏီသည် ကားလမ်းမဘေး နည်းတူကုပ္မဏီကြီးများကြားတွင် တည်ဆောက်ထားခြင်းကြောင့် ကော်ဖီဆိုင်၊ one stop martတို့ဆီသွားရန် အတော်လေးလျှောက်ရသည်။

လွှမ်းတစ်ယောက် ကုပ္မဏီသို့ရောက်ခါနီးတွင် တလှုပ်လှုပ်သွားနေသည့် ကျောပြင်သေးသေးလေးအားတွေ့၏။ ထိုကျောပြင်လေးသည် ကိုကိုဖြစ်သည်ဆိုတာ သက်သေပြစရာကိုမလိုပင်။ ကားအားအရှိန်တင်ကာ ကိုကို့ဘေးကပ်ကာ ရပ်လိုက်၏။

သင်္ခတစ်ယောက် မိမိအတွေးနှင့်လမ်းလျှောက်နေစဉ် ရုတ်တရက် ရပ်လာသော ကားကြောင့် လန့်ဖြန့်သွားရသည်။ ကြည့်မိတော့ မိမိ၏ သူဌေးဖြစ်သူပင်။

"လွှမ်းစက် .."

"အကို ..၊ အပြင်ဘာထွက်လုပ်တာလဲ။ ဘာသွားဝယ်မလို့လဲ"

"မဟုတ်ပါဘူး ဒီတိုင်း ..၊"

"မဖြစ်နိုင်တာ ..၊ အကောင်းမေးတာ ဖြေပါဗျာ၊ ဘယ်သွားမလို့လဲလို့"

"ကော်ဖီဆိုင်လိုက်ရှာနေတာ"

"ဪ ဒါလား၊ တက် ကျွန်တော်လိုက်ပို့မယ်"

"မတက်ပါဘူး၊ မတွေ့လဲကုပ္မဏီပဲပြန်တော့မယ်"

"ဟောဗျာ၊ တစ်ဖက်ကခေါ်ရင် မငြင်းကောင်းဘူးဆိုတာ မသိဘူးလား။ ငြင်းတာက လူ့ကျင့်ဝတ်နဲ့မညီဘူးနော်"

ထိုစကားအားကပ်သတ်ပြောနေသည့် သူဌေးဖြစ်သူအား မျက်စောင်းထိုးကြည့်ကာ သင်္ခတစ်ယောက် ကားပေါ်သို့တက်လိုက်၏။

ℂ𝕠𝕗𝕗𝕖𝕖 𝔸𝕟𝕕 𝕃𝕠𝕧𝕖 (Complete)Where stories live. Discover now