ဂျွန်သခင်ကြီးမှာ ခွေးရူးလိုဖြစ်နေသောသားကို
ပြောရတာအသက်ရှူပင်ကြပ်လာတာကြောင့်
နက်ကတိုင်ကိုပင်အနည်းငယ်ဖြေလျော့လိုက်ရသည်။

"ဒီမှာငါ့သား
အဖေပြောမယ် မင်းသေချာနားထောင်အုံး
မင်းစိတ်ကိုခဏလောက်အေးအေးထား"

"ပြောဗျာ"

စိတ်မရှည်စွာဖြင့် ပြန်ထိုင်ပြီး ဖေဖေ့ကို စူပုတ်ပုတ်ကြည့်နေလိုက်သည်။
ရစ်စရာမရှိ တကယ်ကိုကြံဖန်ရစ်တတ်နေချက်ပဲ။

"နောက်ထပ် 2နှစ်နေမှသူကျောင်းပြီးလိမ့်မယ်
အဲ့ခါကျရင် အဲ့ကလေးကိုမင်းနားမှာပဲ မင်းရဲ့ရှေ့နေအဖြစ်နဲ့ ဒီအဖေကရအောင်ထားပေးမယ်
အဲ့ဒီတော့ မင်းလည်းမင်းအလုပ်နဲ့မင်းကျောင်းကိုပဲအာရုံစိုက်ထား
ကင်မ်ထယ်ယောင်းဆိုတဲ့ကလေးလည်း သူ့ကျောင်းကိုပဲအာရုံစိုက်ပါစေ"

ဖေဖေပြောတာကလည်း ဟုတ်တော့ဟုတ်သည်။
Honeyဆီအခုလိုက်သွားရင်တောင်
စကားအချေအတင်ဖြစ်ရုံကလွှဲပြီး ဘာမှကောင်းတာဖြစ်မလာနိုင်ဘူး။

ဂျော်နီကလည်း ထူးထူးဆန်းဆန်းကိုပျောက်နေတာ။
ဘယ်အချိန်ပေါ်လာမလည်းမသိနိုင်ဘူး။
ဒါကတကယ့်အန္တရာယ်တစ်ခုလိုပင်။

"ဖေဖေပြောတာကိုလက်ခံလာ"

"အင်း..လက်ခံတယ်
ဒါပေမဲ့အဖေ့ကတိအတိုင်း 2နှစ်ပြည့်တာနဲ့ ကင်မ်ထယ်ယောင်းကို သားနားမှာရောက်နေတာပဲလိုချင်တယ်။

"ဟုတ်ပြီငါ့သား"

"ဒါနဲ့ ကင်မ်ထယ်ယောင်းကအခုဘယ်မှလည်"

ထသွားမည်လုပ်တုန်း မေးလာသောသားဖြစ်သူကိုခေါင်းပင်ခါပြပြီး ထွက်လာလိုက်သည်။
သဘောက"မသိဘူးပေါ့"။

"ဟ! ဘယ်လိုအဖေမျိုးလည်း ဒီလောက်တောင်တွန့်တိုနိုင်တာ!"

ကားသော့ကိုယူပြီး အိမ်အပေါ်ထပ်သို့သာတက်လာခဲ့လိုက်သည်။
အခန်းနံရံတွင်လည်း တစ်စုံတစ်ယောက်၏ပုံများကနေရာယူထားတာအပြည့်။

အိပ်ယာပေါ်လှဲချပြီးတစ်နေ့တာ အကြောင်းများကိုပြန်တွေးနေမိသည်။
တစ်နေ့တာအကြောင်းထက် သူ့အကြောင်းကိုသာပိုတွေးနေမိတာ။

Loading.. [COMPLETE]Where stories live. Discover now